နေပြည်တော်ရှိ လွှတ်တော်များ မေလ ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်

နေပြည်တော်ရှိ ပြည် ထောင်စုလွှတ်တော်ကို လာမည့်မေလ ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးက ဧပြီ ၂၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေးကို မေလ ၁၈ ရက် မွန်းလွဲ၁ နာရီခွဲတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လက်မှတ်ထိုး၍ ကြေညာထားသည်။

ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော် အစည်းအ ဝေးများကိုလည်း မေလ ၁၈ ရက် နံနက် ၁၀ နာရီ တွင် ပြန်လည်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းတို့ကလက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ပြဋ္ဌာန်းနိုင်ခြင်းမရှိခဲ့သည့် ဥပဒေအချို့ကို ပြန်လည်စတင်မည့် လွှတ်တော်၌ ဆက်လက် ဆောင်ရွက်ပြဋ္ဌာန်း မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြား သည်။

‘‘ပြီးခဲ့တဲ့ သက်တမ်းအတွင်းက မပြီးသေးတဲ့ ဥပဒေတွေကို ဆက်လုပ်ဆောင်မှာပေါ့။ ဥပမာပြောရရင် ရေနံ လက်ယက်တွင်းဥပဒေတို့၊ ဥပဒေရေးရာအထောက်အကူပြုဥပဒေတို့၊ ပြည်တွင်းရေကြောင်း ဥပဒေတို့ စတာတွေ မြန်မြန်လုပ်နိုင်တဲ့ ဥပဒေတွေကို စောစောတစ်ခါတည်းတင်လိုက်မှာပေါ့’’ ဟု နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ဆိုသည်။

နေပြည်တော်လွှတ်တော် သုံးရပ်ပြန်လည်စတင်ချိန်တွင် ပြီးခဲ့သည့် ဧပြီ ၁ ရက်၌ ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးဦးတို့ စတင် တက်ရောက်ခွင့်ရ ရှိမည်ဖြစ်သည်။

# 7 Day Daily