ကွန်ပျူတာ| မိုဘိုင်းဖုန်း အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားမောတောင်မြို့

 

၂၀၁၇ခုနှစ် ဧပြီ ၀၇း ၃၅အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာ၊ မိုဘိုင်းဖုန်းအခမဲ့သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပြုခဲ့ကြောင်းသိရှိရပါသည်။

၎င်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး
(ငြိမ်း)ဦးသိန်းလွင်၊ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးအောင်ဆန်းလွင်၊ တနင်္သာရီမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းနိုင် ဘဏ္ဍာရေးမှူး ဦးအောင်နုပါ (၂) ဦး ဖိတ်ကြားထားသော ဧည့်သည်တော် များ သင်တန်သား/သူများ (၃၆) ဦး စုစုပေါင်း (၆၅) တက်ရောက်ခဲ့ကြပါ သည်။

အဆိုပါ အခမ်းနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး(ငြိမ်း) ဦးသိန်းလွင်မှ အမှာစကားပြောကြားခြင်း၊ တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊မောတောင်မြို့ အတွင်းရေးမှူး ဦးသောင်းနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခြင်း၊ ကွန်ပျူတာ၊ မိုဘိုင်းနည်းပြ ဆရာဦးအောင်မျိုးမှ သင်တန်း သင်ကြားပို့ချရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၀၈း၁၅ အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ ကြောင်း သိရှိရပါသည်။

သင်တန်းသား/သူ (၃၆)ဦးအား ၂၈.၄၂၀၁၇ရက်နေ့ မှ ၁၈.၅.၂၀၁၇ ရက်နေ့အထိ နေ့စဉ် ညနေ ၁၈း၀၀နာရီမှ ၂၀း၀၀နာရီအထိ သင်ကြား ပို့ချသွားမည်ဖြစ်ပါကြောင်း
သိရပါသည်။
Phyu Myo