ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ လပတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လပတ်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီခွဲ က ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ နာယကကြီးများ၊
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ အတွင်း ရေးမှူးဦးသာဝင်းနှင့်ဗဟိုကော်မတီ ဝင်များ၊အရန်ဗဟိုကော်မတီဝင်များ တက်ရောက်ကြပြီး အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအတွက် ပါတီနာယကကြီးများ၊တက်ရောက် လာကြသည့် ကော်မတီဝင်များက ပွင့်ပွင့်လင်းလင်းအကြံပြုဆွေးနွေး ကြဖို့မေတ္တာရပ်ခံလိုကြောင်း၊ ပါတီ ပြန်လည်ဖွဲ့စည်းပြီးချိန်မှစ၍ စည်း ရုံးရေးလုပ်ငန်းများကို နည်းအမျိုး မျိုးဖြင့် ဆောင်ရွက်ခဲ့သော်လည်း အောက်ခြေရပ်/ကျေးအဆင့်တွင် မိမိတို့ပါတီဝင်များ အဆင်သင့် မဖြစ်သေးသည်ကိုတွေ့ရှိရကြောင်း၊ မိမိဒေသတွင် လွှမ်းမိုးနိုင်သူများ ပါဝင်ရန် လိုအပ်ကြောင်း၊ရွေးချယ်ခံ ကော်မတီဝင်များသည် တကယ် လုပ်ချင်ကိုင်ချင်စိတ်ရှိသူများဖြစ် ဖို့လိုကြောင်း၊ ပြည်သူလက်ခံလာ အောင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဖို့လိုကြောင်း၊ ပါတီ ဝင်များ အရည်အချင်းပြည့်ဝလာ စေရန်သင်တန်းများဆက်လက်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယကကြီးများ က ရှေ့ဆက်ပြုပြင်ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များကိုအသေးစိတ် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)