Galaxy S8 ရဲ့ screen အနီရောင်သမ်းတဲ့ ပြဿနာအတွက် software update ဖြန့်ချိလိုက်တဲ့ Samsung

အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ အသစ်ဖြန့်ချိထားတဲ့ Galaxy S8 ဖုန်းအတွက် software update တစ်ခု ဖြန့်ချိပေးလိုက်ပါတယ်။ Galaxy S8 ရဲ့ အနီရောင်သမ်းနေတဲ့ screen တွေနဲ့ ပတ်သက်ပြီး သုံးစွဲသူအချို့ရဲ့ မကျေနပ်ချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို update ထုတ်ပေး လိုက်တာ ဖြစ်ပါတယ်။

ဒီ update ကို Samsung က ကုမ္ပဏီရဲ့ အထင်ကရဖုန်းကို အမေရိကန်နဲ့ တောင်ကိုရီးယားမှာ ရောင်းချ ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဖြန့်ချိပေးခဲ့တာပါ။

Galaxy S8 ကို ကြိုတင်မှာယူခဲ့တဲ့ တောင်ကိုရီးယားက သုံးစွဲသူတွေဟာ ဖုန်း screen က ပုံမှန်မဟုတ်တဲ့ အနီရောင်သမ်းနေတာကို သတိထားမိခဲ့ကြပါတယ်။ အဲ့ဒီနောက် အနီရောင်သမ်းတဲ့ ဖုန်း screen ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့သွားခဲ့ပါတယ်။

Samsung ကတော့ ဒါဟာ hardware အားနည်းချက်ကြောင့်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Ref: ABS-CBN