ထောင်ဒဏ်ကျခံနေရသည့် ဟောင်ကောင် အုပ်ချုပ်ရေးမှူးဟောင်းကို ခြေချုပ်ဖြင့် ပြန်လွှတ်ပေး

လာဘ်စားမှုနဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးထားတဲ့ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်လ်ဆန်းကို တရားရုံးက ဧပြီ ၂၄ ရက်နေ့မှာ ခြေချုပ်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

 

ဟောင်ကောင်ကျွန်း စတန်လေ (Stanley) အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ မစ္စတာဆန်းကို ကျန်းမာရေး မကောင်းတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က ဆေးရုံကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

အဲဒီနောက် မိသားစုက အယူခံဝင်တဲ့အတွက် ဧပြီ ၂၅ ရက်နေ့မှာ တရားရုံးက ခြေချုပ်နဲ့ အခုလို ပြန်လွှတ် ပေးလိုက်တာပါ။

အသက် ၇၂ နှစ်အရွယ်ရှိ မစ္စတာဆန်းဟာ ဟောင်ကောင်ကျွန်း အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ် သူပိုင်ဆိုင်တဲ့ ပန့်ဟောက်စ်စံအိမ်ကို သန်းကြွယ်သူဌေးကြီး ဘီးလ်ဝမ် (Bill Wong) ပိုင်ဆိုင်တဲ့ ကုမ္ပဏီကနေ အခမဲ့ ပြင်ဆင်ပေးခဲ့ပါတယ်။

အဲဒီအချိန်က ဘီးလ်ဝမ်ရဲ့ ကုမ္ပဏီက ဒစ်ဂျစ်တယ် အသံလွှင့်လိုင်စင်ရဖို့ လျှောက်ထားဆဲဖြစ်ပြီး အဲဒီ ကိစ္စကို မစ္စတာဆန်းရဲ့ လွှတ်တော်က စဉ်းစားနေချိန်ဖြစ်ပါတယ်။

ဒါဟာ လာဘ်စားမှုဖြစ်တယ်ဆိုပြီး အတိုက်အခံတွေက ထောက်ပြဝေဖန်ခဲ့ပြီးနောက် ဒီအတွက် မစ္စတာဆန်း လအတော်ကြာ စစ်ဆေးခံရပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ တရားသူကြီး ၉ ဦးထိုင်တဲ့ ခုံရုံးကနေ မစ္စတာဆန်းကို လာဘ် စားမှုနဲ့ ထောင်ဒဏ် လ ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။