ကျပ် ၅၀ တန် အွန်လိုင်းထီရောင်းချရန် စီစဉ်နေ

အောင်ဘာလေထီကို ဇူလိုင်လကစပြီး ထီဆုမဲအရေအတွက် တိုးမြှင့်သွားမှာဖြစ်ပြီး ကျပ် ၅၀ တန်ထီ e-Lottery လက်မှတ်တွေလည်းထုတ်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်နေ ကြောင်း သိရသည်။

ဧပြီ ၂၄ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ တစ်နှစ်ပြည့် ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခမ်းအနားမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးမင်းထွဋ်က ပြောတာပါ။

ဒါ့အပြင် ကျပ် ၅၀ တန် ထီလက်မှတ် ထုတ်ဖို့ကိုလည်း စီစဉ်နေပြီး ဘယ်လိုပုံစံနဲ့ ထုတ်မယ်ဆိုတာတော့ ဆွေးနွေးစဉ်းစားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ e-Lottery စနစ်ကျင့်သုံးရင် ဈေးနှုန်းအမျိုးမျိုး ပါဝင် လာမယ့်အပြင် တစ်လတစ်ကြိမ် ထီဖွင့်လှစ်ခြင်းမှ နှစ်ပတ်တစ်ကြိမ်သို့ ပြောင်းလဲလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ကျပ် ၅၀ တန်ထီကတော့ paper lottery လည်း လုပ်မယ်၊ e-Lottery လည်း လုပ်မှာဖြစ်ပြီး အဓိက ကတော့ အပြင်မှာ ထီဈေးကြီးတာကို ကာကွယ်နိုင်ဖို့လို့ ပြောပါတယ်။

အခုလာမယ့် လွှတ်တော်မှာ အတည်ပြုနိုင်မယ်လို့ ခန့်မှန်းထားပြီး နိုင်ငံတကာ ထီကျွမ်းကျင်သူကိုလည်း ငှားထားပြီးပြီလို့ ပြောပါတယ်။

အစိုးရခွင့်ပြုချက်ရပြီဆိုတာနဲ့ စာချုပ်ချုပ်ဆိုပြီးတော့ ပြည်တွင်းပြည်ပကနေ ရွေးချယ်သွားမယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

DVB