ပုသိမ်​ကြီးမြို့နယ်​ပြည်​ခိုင်​ဖြိုး ဘိုးဘွားပူ​ဇော်​ကန်​​တော့ပွဲကျင်းပပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး? ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဦးစိုင်းထွန်းအောင်+ဒေါ်လီလီဝင်း(ရွှေမာလာအောင် ကုမ္ပဏီ)၊ ဦးအောင်မြင့်+ဒေါ်အေးမေ (ဝါးရွက်စိမ်း ကုမ္ပဏီ) တို့၏ စတုတ္ထ အကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၂၁.၄.၂၀၁၇) ရက်နေ့ နံနက် (၀၈း၀၀) အချိန်တွင် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘိုသင်းနှင့် ခရိုင်ကော်မတီ ဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌ ဦးဆွေသန်းနှင့်ကော်မတီဝင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြ ပါသည်။

အခမ်းအနားတွင် သက်ကြီးဘိုးဘွား (၁၉၀) ဦးအား တစ်ဦးလျှင် ငွေကျပ်
(၁) သိန်းခန့်တန်ဖိုးရှိ ကန်တော့ပစ္စည်းများနှင့် ငွေသားများကို ပူဇော် ကန်တော့ခဲ့ကြပြီး ယ​နေ့ပူ​ဇော်​ကန်​​တော့​သော တန်​ဖိုးမှာ စုစုပေါင်းငွေ ကျပ်သိန်း (၁၉၀) ခန့်ဖြစ်​ပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး