မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဟာသင်္ကြန်ကြိုဆိုပွဲပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည် ခိုင်ဖြိုးပါတီမဟာသင်္ကြန်ကြိုဆိုပွဲကို မြို့နယ်ရုံးခန်းမ၌ ယခုလ ၇ ရက်မွန်းလွဲ ၃ နာရီ တွင်ပြုလုပ်ရာ ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ခရိုင်ကော်မတီဝင် ဦးမင်းမင်း၊ ဦးမျိုးဇော်၊ မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းဦး နှင့်မြို့နယ်ကော်မတီဝင်များ၊ (၃၂)ရပ်ကွက်မှရပ်/ ကျေးများစုစုပေါင်းအင်အား ၁ဝဝ ဖြင့် စုပေါင်းကာ မုန့်လုံးရေပေါ်လုံးကြပြီး တက်ရောက်လာသူများအား ဗလာမပါကံစမ်းမဲများဖောက်၍သပြေခက်ဖြင့် ပျော် ပျော်ပါးပါးရေပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒီလင်း(မင်္ဂလာဒုံ)