တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယခုလ ၇ ရက် နံနက် ပိုင်းတွင်အိုင်ကလောင်ဒေသ၊ တော်လတီ ဒေသတို့မှ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပြီးပါတီဝင်စိစစ်ခြင်း လုပ်ငန်းများ၊ ပါတီနှစ်စဉ်ကြေးပေး သွင်းခြင်းကိစ္စရပ်များ၊ ပါတီဝင်အင်အားသစ် စည်းရုံးခြင်းလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာ၌တိုက်ကြီးမြို့နယ် ပြည်ခိုင် ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များမှဦးဆောင်၍ အရန်ပါတီ ကော်မတီဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)