သံလွင်တံတား (ချောင်းဆုံ) နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီ (၁၄) ပါတီ ပူးတွဲသဘောထားကြေညာချက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်တံတား (ချောင်းဆုံ) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ (၁၄) ပါတီတို့၏ ပူးတွဲသဘောထားကြေညာချက်ကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၅ ရက် ( ၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်) ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည် –

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်တံတား (ချောင်းဆုံ) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးတွဲသဘောထားထုတ်ပြန်ကြေညာသော ပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ၀ံသာနု ဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ဖြစ်သည်။