ဗန်းမော်မြို့တွင် နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က သာစည်ရပ်ကွက် ခရိုင်ပြည် ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး သဘာပတိပြည် နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဗဟိုကော်မတီဝင်ဦးဝင်းမောင်သိန်း က အမှာစကားပြောကြားကာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဇော် လေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

သင်တန်းကာလမှာ ယခုလ ၄ ရက်မှ ၆ ရက်အထိဖြစ်ပြီး ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြို့နယ်များ မှ မြို့နယ်ပါတီ ဥက္ကဋ္ဌအတွင်းရေး မှူးများနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ သင်တန်းသားသင် တန်းသူစုစုပေါင်း ၃ဝတက်ရောက် ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ဗဟို ကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင်ဦးသန်း အောင်၊ ဦးစိုးဝင်း၊ မြစ်ကြီးနား ခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းဖေ၊ဗန်းမော် ခရိုင်ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး နှင့်ကော်မတီဝင်များ၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြို့နယ် များမှ သင်တန်းသားသင်တန်းသူ များ စုစုပေါင်း ၅ဝ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ