ပရော်ဖက်ရှင်နယ်တွေအတွက် iMac သစ်များ မိတ်ဆက်ရန် Apple စီစဉ်နေ

ပရော်ဖက်ရှင်နယ် သုံးစွဲသူတွေအတွက် အထောက်အကူ ဖြစ်စေမယ့် iMac သစ်တစ်မျိုးကို ဒီနှစ်အတွင်း ဖြန့်ချိသွားဖို့ စီစဉ်နေတယ်လို့ Apple က သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ပြောကြားလိုက် ပါတယ်။

ကုမ္ပဏီအနေနဲ့ အဆင့်မြှင့်ထားတဲ့ Mac Pro ဗားရှင်းတစ်မျိုးကို ဖြန့်ချိပေးခဲ့ပြီး ဒီဇိုင်းလုံးဝပြောင်းလဲ ပြင်ဆင်ထားတဲ့ Mac Pro ကွန်ပျူတာကိုလည်း ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်။ ပရော်ဖက်ရှင်နယ်တွေအတွက် ရည်ရွယ်ထားတဲ့ iMac desktop “pro” ဗားရှင်းကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

“ကျွန်တော်တို့မှာ iMac အတွက် ကြီးမားတဲ့အစီအစဉ်တွေ ရှိပါတယ်။ အထူးသဖြင့် ပရော်ဖက်ရှင်နယ် သုံးစွဲသူတွေအတွက် iMac configuration တွေကို စတင်ပြုလုပ်နေပါတယ်” လို့ Apple ရဲ့ မားကတ်တင်း စီနီယာဒုဥက္ကဋ္ဌ Phil Schiller က ဆိုပါတယ်။

iMac Pro ရဲ့ အသေးစိတ်အချက်အလက်နဲ့ ပါဝင်လာမယ့် feature တွေကိုတော့ Apple က မဖော်ပြခဲ့ ပါဘူး။ ဒါပေမဲ့ iMac သစ်တွေမှာ touchscreen ပါဝင်လာမှာမဟုတ်ဘူးလို့ Schiller က ပြောကြားခဲ့ပါတယ်။

Ref: BusinessInsider