ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် ကော်မရှင်က နှိုးဆော်

ဧပြီ(၁)ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း အမြန်ဆုံး တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး နှိုးဆော်စာ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပြီး ရွေးကောက်ပွဲ တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြေညာပြီးတဲ့နေ့
ကစပြီး ရက်ပေါင်း (၃၀) အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ(၂၀)ကို တင်သွင်းကြရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်းမှာ မတင်သွင်းဘူးဆိုရင် ရွေးကောက်ပွဲနည်းဥပဒေ (၈၄) အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံရမှာဖြစ်ပြီး နောင်လာမယ့် ရွေးကောက်ပွဲ မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းဟာ ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း(၁၀၀)သာ သုံးစွဲခွင့် ရရှိထား တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၅)ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက နိုင်ငံရေးပါတီ (၉၀)ကျော်က ကိုယ်စားလှယ် လောင်းတွေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကုန်ကျစရိတ် မတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ် လောင်းတွေ ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

Central News Bureau က