ပုသိမ်ခရိုင် ပါတီနှင့် (၇)မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအား ဧပြီလ (၂) ရက် နံနက် (၁၁) နာရီအချိန်က ကျင်းပြုလုပ်ခဲ့ရာ ပုသိမ်ခရိုင် အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီများ၊ မြို့နယ် ဥက္ကဌများ၊ မြို့နယ်အတွင်းရေးမှူးနှင့် ဘဏ္ဌာရေးမှူးများ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပုသိမ်ခရိုင်အတွင်းရေးမှူးမှ ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များ၊ တိုင်းပါတီ၏ လမ်းညွှန် မှုများအား ရှင်းလင်းပြောကြားခြင်း၊ ပါတီဝင်ကြေးကောက်ခံမှုအခြေအနေများ၊ ပါတီစည်းရုံးရေးလုပ်ငန်စဉ်
များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများမှ မိမိမြို့နယ်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး နေ့လည် (၁)အချိန်တွင် အစည်းအဝေးပြီးဆုံးကြောင်း သိရှိရသည်။

# USDP Ayeyarwady Region News a