တာချီလိတ်ပြည်ခိုင်ဖြိုး နွေရာသီအခြေခံသင်တန်းများ ဆင်းပွဲကျင်းပ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ဖွင့်လှစ်သော (နွေရာသီအခြေခံ) သင်တန်းများဖြစ်သည့် သိုင်းသင်တန်း၊ ပန်းချီသင်တန်း၊ အင်္ဂလိပ် စကားပြောသင်တန်းများ ဆင်းပွဲအခမ်းအနားအား ဧပြီလ (၃) ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်ဆန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ပါတီနာယကများဖြစ်ကြသော ဦးဘိုလေး၊ ဦးကျော်သီဟ၊ ဦးအာဇီး၊ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးခေါင်းဆောင်များ၊ သင်တန်းသား/သူများနှင့် မိဘများ တတ်ရောက် ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားကို သင်တန်းသူ/သားလူငယ်များမှ (ဇာတိမာန်) သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်းမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင် များပေးအပ်ခြင်း၊ ထူးချွန်ကျောင်းသူများ အား ဆုချီးမြှင့်ခြင်း၊ သိုင်းသင်တန်းသူ/ သားများမှ အခြေခံသိုင်းပညာ သရုပ်ပြသခြင်း၊ ဝမ်ကောင်းရပ်ကွက် ရပ်ကျေးခေါင်းဆောင် ဦးစံသောင်းမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းကာလတွင် သင်တန်း၏ အားသာချက်အားနည်းချက်များအား ဆွေးနွေးတင်ပြခြင်းနှင့် သင်တန်းသူ/သားလူငယ်များမှ (ပြည်မြန်မာ) သီချင်းသီဆို၍ အခမ်းအနား အောင်မြင်စွာရုပ်သိမ်းပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီနယကများ၊ ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူ/သားများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်း ဓါတ်ပုံကူးခဲ့ကြကြောင်း သိရသည်။

# ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ