အိန္ဒိယကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြတွေ ပြန်ပေးဆွဲ

ဆိုမာလီယာကမ်းလွန်မှာ အိန္ဒိယကုန်တင်သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲလိုက်ပြီး သင်္ဘောဟာ လောလောဆယ် ဆိုမာလီယာ ကမ်းခြေဆီဦးတည်ခုတ်မောင်းနေတယ်လို့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အစိုးရအရာရှိဟောင်းတစ်ဦးက တနင်္လာနေ့က ရိုက်တာကိုပြောပါတယ်။

“အိန္ဒိယကုန်တင်သင်္ဘောကို ဆိုမာလီယာပင်လယ်ဓားပြတွေပြန်ပေးဆွဲ သွားတာလို့ကျွန်တော်တို့ သိထား ပါတယ်။ သင်္ဘောက ဆိုမာလီယာကမ်းခြေတွေဆီ ခုတ်မောင်းသွားနေတယ်” လို့ ဆိုမာလီယာရဲ့ တစ်စိတ် တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန့်လန်းဒေသ ထဲမှာရှိတဲ့ ပင်လယ်ဓားပြတိုက်ဖျက်ရေးအေဂျင်စီရဲ့ ညွှန်ကြားရေးအရာရှိဟောင်း မိုဟာမက်ဒီရီ ကပြောပါတယ်။

ဗြိတိန်အခြေစိုက် Dryad ရေကြောင်းလုံခြုံရေးအဖွဲ့က ဂစ်ဘွန်ဘရွတ်က သည်သင်္ဘောဟာ ဘော်ဆက်ဆို ကနေ ဒူဘိုင်းကိုခုတ်မောင်းနေစဉ် စနေနေ့က ပြန်ပေးဆွဲ ခံခဲ့ရတာဖြစ်တယ်လို့ ကုမ္ပဏီ သတင်းအရင်း အမြစ်တွေကို ကိုးကားပြော ပါတယ်။

ပင်လယ်ဓားပြတွေက သင်္ဘောပေါ်တက်လာပြီး သင်္ဘောနဲ့ သင်္ဘောသား ၁၁ ဦးကို ပန့်လန်းဒေသထဲက Eyl အရပ်ဆီ ခေါ်ဆောင်သွားခဲ့တယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း ဆိုမာလီပင်လယ်ဓားပြတွေဟာ ဆီတင်သင်္ဘောတစ်စီးကို ပြန်ပေးဆွဲခဲ့ဖူးပါတယ်။ ပန့်လန်းရေတပ်နဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သင်္ဘောကိုပြန်လွှတ်ပေးခဲ့ပါတယ်။

Kumudra