ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ၂ဝ၁၇ မတ် ၁၂ ရက် လှိုင်သာယာလူထုနှင့် တွေ့ဆုံပွဲမှာ ပြောကြားပေးခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ဖော်ပြချက်

ပြည်ခိုင်ဖြိုးပါတီသည် ‘ဒီမိုကရေစီ’ဟု ပါတီနာမည်ထဲ ထည့်သွင်းမှည့်ခေါ် ထားခြင်း မရှိသော်ငြားလည်း ဒီမိုကရေစီကို ဦးထိပ်ထားမြဲဖြစ်သည်။

 

စီးပွားရေးချောင်လည်မှု၊ လူထုလူမှုဘဝလုံခြုံမှုကို ဦးထိပ်ထားမြဲဖြစ်သည်။ အမျိုး ဘာသာ၊ သာသနာကို ဦးထိပ်ထားမြဲဖြစ်သည်။ အမေရိကန်၊ အင်္ဂလန်၊ ဥရောပဒီမို ကရေစီများကို မျက်စပစ်နေသည်မဟုတ်။ ပုံတူကော်ပီကူးချနေ သည်မဟုတ်။ မိမိ ဝိသေသနှင့် မိမိ၊ ကိုယ့်အရပ်နှင့်ကိုယ့်ဇာတ်ဖြစ်၏။ ပရိသတ်လည်း ရှိပြီးဖြစ်၏။ သို့သော် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၌ မိတ်ဆွေ’သစ်’ အမြဲရှာဖွေနေရပါမည်။ မိတ်ဆွေသစ်များ များများရမှ အောင်မြင်မှု များများရပါမည်။

ပရမ်းပတာအခြေအနေ၊ ယနေ့အခြေအနေဆိုးမျိုးမှာ နေထိုင်ကြရသည့် အတွက် လူထုကြီးမှာ အဆင်မပြေပါ။ စည်းကမ်းရှိ၊ စည်းကမ်းပြည့်ဝ ဒီမိုကရေစီကို လူထု ငံ့လင့်လျက်ရှိနေပါပြီ။ အများညီ ဤကိုကျွဲဖတ်ဟု မင်းမဲ့ဝါဒဆန်ဆန် မတိုက်တွန်းလိုပါ။ မင်းမဲ့မှ အာဏာရှင်သို့ လျင်မြန်စွာ ကူးပြောင်းသွားနိုင်သည်။

ဒီမိုကရေစီ ထိန်းသိမ်း၊ ထိန်းကျောင်းပေးနေသော အဖွဲ့အစည်းများ၊ ထိုအဖွဲ့ အစည်းမှ လူပုဂ္ဂိုလ်များ၊ အားနည်းအားပျော့ပြီဆိုလျှင် ဒီမိုကရေစီမှာအန္တရာယ် ရှိလာနိုင်ပါသည်။ အန္တရာယ်လည်း မြင်တွေ့နေရပါပြီ။ အန္တရာယ်ရှိနေဟု သတိပေးလိုပါသည်။