ဆင်းမ်ကတ်မှတ်ပုံတင်ရာမှာ ဂယက်တွေထ၊ သုံးစွဲသူတွေ မကျေနပ်ဖြစ်နေကြ

ဆင်းမ်ကတ်များမှတ်ပုံတင်ရာမှာ အခက်အခဲတချို့နဲ့ အဆင်မပြေမှုများရှိနေကြောင်း သုံးစွဲသူတွေဆီက သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ် ရေးဝန်ဆောင်မှု ကုမ္ပဏီများအားလုံးကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ သုံးစွဲသူတွေရဲ့ ဆင်းမ်ကတ်များ မှတ်ပုံတင်ထားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ ဆိုင်တွေ၊ အင်တာနက်ကနေ၊ အီးမေးလ်ကနေ၊ အပ်ပလီကေးရှင်းတွေကနေ မှတ် ပုံတင်လို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးအောပရေတာတချို့ရဲ့ အဆင်မပြေမှုကြောင့် သုံးစွဲသူ အချို့မှတ်ပုံမတင်ရသေးတာတွေ တော်တော်များများရှိနေသေးပါတယ်။

MPT ဆင်းမ်ကတ်တွေမှတ်ပုံတင်ရာမှာ မတ်လ ၃၁ ရက်နေ့ နေ့လည်ကစပြီး အင်တာနက်ကနေ မှတ်ပုံတင် သည့် ၀က်ဆိုက်မှာ page မပေါ်လာခြင်း/လင့်ခ်ထဲဝင်လို့မရခြင်းများ ဖြစ်နေခဲ့ကြောင်း MPT သုံးစွဲသူတစ်ဦး ကဆိုပါတယ်။ CDMA 800 ဖုန်းတွေဆင်းမ်ကတ်တင်ထားပေမယ့်လည်း ဆင်းမ်ကတ်မှတ်ပုံမတင်ရသေးတဲ့ စာတိုမက်ဆေ့ခ်ျတွေကို အောပရေတာက ပြန်ပို့ခြင်းများဖြစ်နေကြောင်း သုံးစွဲသူအများစုကဆိုပါတယ်။

ဒါ့ပြင် MPT မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်တွေကိုလည်း အသုံးပြုနေရင်း လိုင်းပိတ်လိုက်တာမျိုးတွေလဲ ရှိနေကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆင်းမ်ကတ်မှတ်ပုံမတင်ရသေးသူ အများစု ကလည်း ဖုန်းလိုင်း မပိတ်သေးပဲ ဆက်အသုံးပြုလို့ရနေကြောင်း၊ မှတ်ပုံတင်ခြင်း ရှိမရှိစစ်ဆေးတဲ့ *601# ကိုနှိပ်ရာမှာ မှတ်ပုံ တင်ပြီးသားသူတွေက မှတ်ပုံမတင်ရသေးတဲ့ မက်ဆေ့ပြနေသလို မှတ်ပုံမတင်ရသေးတဲ့ သုံးစွဲသူ တော်တော်များများဟာဆိုရင်လည်း မှတ်ပုံတင်ပြီးသားဖြစ်နေကြောင်း စတဲ့ ဂယက်တွေဖြစ်နေပါတယ်။

တယ်လီနောဆင်းမ်ကတ်ကတော့ သုံးစွဲသူအကုန်နီးပါး မှတ်ပုံတင်ပြီးကြပြီဖြစ်ပါတယ်။ တယ်လီနော အနေနဲ့ မြန်မာနိုင်ငံအနှံ့ အဓိက မြို့ကြီးမြို့ငယ်များရှိ တယ်လီနောရဲ့ ကိုယ်ပိုင်အရောင်း ဆိုင်ပေါင်း ၉၀ ခန့် မှာလည်း ဆင်းကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ တယ်လီနောဝန်ထမ်း တွေကိုယ်တိုင် နယ်ဘက်ကျေးလက်တွေအထိ လူကိုယ်တိုင် မှတ်ပုံတင်ပေးတဲ့ ၀န်ဆောင်မှုတွေကို ဆောင် ရွက်ပေးခဲ့ကြောင်း မကွေးတိုင်းဘက်က ရွာသားတချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နဲ့ ကျောက်ပန်းတောင်းစတဲ့ နယ်ဘက်တွေ တော်တော်များများမှာတော့ ဖုန်းဆိုင် တချို့က အူရီဒူးကတ်တွေကို မှတ်ပုံတင်ပေးတာမျိုးတွေလဲ ရှိနေကြောင်း၊ ဒါ့အပြင် ဆင်းမတ်ကတ်မှာ အသုံးမပြုတာကြောင့် အောပရေတာက ပိတ်ထားတဲ့ ကတ်တွေကို သည်နံပါတ်နဲ့ပဲ ပြန်ရောင်းချနေတာတွေ ရှိနေတာကြောင့် သုံးစွဲသူတွေအဆင်မပြေဖြစ်နေကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးမှာ ဆင်းမ်ကတ်မှတ်ပုံမတင်ရသေးတာ သန်း ၂၀ ကျော်ရှိနေကြောင်း သတင်းများ ထွက်ရှိနေကြပါတယ်။ MPT ဆက်သွယ်ရေးအောပရေတာကို ဆင်းမ်ကတ် မှတ်ပုံတင်ကိစ္စနဲ့ ပက်သတ်ပြီးမေးမြန်းခဲ့ရာ ဖြေကြားခြင်းမရှိသေးပါဘူး။ သည်ရက်ပိုင်းအတွင်း ပြည်သူတွေအတွက် ထုတ်ပြန်ပေးဖို့ ရှိကြောင်းသိရပါတယ်။

ဆင်းမတ်ကတ်မှတ်ပုံမတင်ရသေးတဲ့ သုံးစွဲသူအချို့ကို မေးမြန်းရာမှာတော့ လက်ရှိအချိန်ထိ ဖုန်းလိုင်းပိတ် မနေသေးပဲ သုံးစွဲလို့ရနေကြောင်းဆိုပါတယ်။

Kumudra