ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူ ခြောက်ထောင်ကျော်ရှိ

ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် လစ်လပ်နေ သည့် နေရာ ၁၉ နေရာရှိရာ ဧပြီ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

‘‘စုစုပေါင်းဆိုရင်ကြိုတင်မဲ သုံးမျိုးမှာ ၆,၄၄၇ မဲရပါတယ်။ ဒါက မဲဆန္ဒနယ် ၁၉ နယ်လုံးပါ’’ ဟု ဦးတင်ထွန်း က ပြောသည်။

ကြိုတင်မဲပေးရန် ပုံစံသုံးမျိုးရှိရာ သင်တန်းကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများတွင် ရောက်ရှိနေသည့် မဲဆန္ဒနယ် ပြင်ပရောက်မဲ ပေးသူများက ပေးသည့် ကြိုတင် မဲ ၁,၀၇၉ ဦး၊ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များကပေးသည့် ကြိုတင်မဲ ၅,၀၂၉ ဦးနှင့် နိုင်ငံခြားရောက်နေသည့် ပြည်သူများက ပေးသည့် ကြိုတင်မဲ ၃၃၉ ဦးတို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်း တို့နှင့် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း၊ ကယား စသည့် ပြည်နယ်များရှိ မြို့နယ် ၂၂ မြို့နယ်တွင် ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲအ တွက် မဲပေးခွင့်ရှိသူဦးရေသည် သိန်း ၂၀ ကျော် ရှိသည်။

အဆိုပါ မဲဆန္ဒနယ်များ၌ လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၈ ဦးအပါအ၀င် နိုင်ငံရေး ပါတီ ၂၄ ပါတီမှကိုယ်စားလှယ်လောင်း ၈၈ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစုပေါင်း ၉၅ ဦး ၀င်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။

 

# 7 Day Daily