ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး မြောက်ပိုင်းခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ၍ ဗဟို ဦးဆောင်ကော်မတီ ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးတင်ယုက ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးက နိဂုံး ချုပ်အမှာစကားပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ပါတီဗဟိုကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းနှင့် လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးတင်ယု၊ လှိုင်သာယာ၊ အင်းစိန်၊ ထန်းတပင်၊ တိုက်ကြီး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ရွှေပြည်သာမြို့နယ်တို့မှပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သုခ