တောင်ပေါ်တိုင်းရင်းသားအများစု လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်တွေ ဆက်လက်လုပ် ဆောင်ပေးချင်တဲ့ ကျိုင်းတုံမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်
ယခင်ရွေးကောက်ပွဲနဲ့ အရင်အစိုးရသက်တမ်းမှာ လားဟူလူမျိုးစုများအတွက်ကို လူမှုရေး၊ စီးပွားရေး၊ လူနေမှု ဘဝမြှင့်တင်ရေးကို အဓိကဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ်ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ်(၂) ရှမ်း၊ လားဟူ၊ အာခါ၊ လွယ်လ၊ ဝ၊ ပလောင်၊ အဲန်၊ ကချင်စတဲ့ လူမျိုးပေါင်းစုံ နေထိုင်လျက်ရှိကြတဲ့အတွက် တောင်ပေါ်တိုင်းရင်းသားအများစု လိုအပ်နေတဲ့ ပညာရေး၊ သောက်သုံးရေ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ပြည်သူကို စကားပါးချင် တာကတော့ မိဘပြည်သူများရဲ့ လိုအပ်ချက်များကို လွှတ်တော်အတွင်းသို့ ရောက်ရှိအောင် တင်ပြ ပေးသွားမှာဖြစ်ကြောင်း ကတိပြုပြောချင်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ လွှတ်တော်ကိုယ်စားလှယ်လောင်းကို သေချာ စဉ်းစား ဆုံးဖြတ်ပြီး မဲပေး ရွေးချယ်ပေးကြပါလို့ တိုက်တွန်းမေတ္တာရပ်ခံပါတယ်။