မုံရွာမြို့ ရပ်ကျေးကော်မရှင်ခွဲများသို့ မဲလက်မှတ်များစတင်ပို့ ရွေးကောက်ပွဲနေ့တွင် ရဲအင်အား ၇၀ဝ နီးပါး လုံခြုံရေးချမည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလက်မှတ်များကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံ မုံရွာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှ မတ် ၂၆ ရက်တွင် စတင်ပို့ဆောင်နေပြီး ရွေးကောက်ပွဲနေ့တွင် ရဲတပ်ဖွဲ့အင်အား ၇၀ဝ နီးပါးဖြင့် လုံခြုံရေးရယူသွားမည်ဖြစ်ကြောင်း သိရသည်။

မဲလက်မှတ်များပို့ဆောင်ရာတွင်လည်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များလိုက်ပါခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် လုံခြုံရေးအတွက်ရဲတပ်ဖွဲ့အင်အား ၇၀ဝ နီးပါး အသုံးပြုသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်က ပြောကြားသည်။

“မဲရုံတွေအားလုံးမှာရော၊ ကိုက် ၅၀ဝ ပြင်ပမှာရော၊ ကော်မရှင်ရုံးတွေမှာရော အရန်မီးသတ်တွေ၊ ဆယ်အိမ် မှူးတွေနဲ့အတူ လုံခြုံရေးချသွားမယ်၊ လှည့်ကင်းအဖွဲ့လည်းရှိမယ်။ ယင်းမာပင်၊ ကသာ၊ ရွှေဘို၊ စစ်ကိုင်း ခရိုင်ကတပ်ဖွဲ့ဝင်တွေရော အားဖြည့်ခေါ်ထားတယ်၊ ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက လုပ်သွားမယ်” ဟု ၄င်းကပြောကြားသည်။

မုံရွာမြို့တွင် မြို့ပေါ်ရပ်ကွက် ၃၁ ရပ်ကွက်ကျေးရွာ ၁၇၂ ရွာရှိပြီး မဲရုံပေါင်း ၁၅၉ ရုံထားမည်ဖြစ်ကာ မဲရုံ များကို ဇုန်အလိုက် ၁၃ ဇုန်ခွဲ၍ လုံခြုံရေးပေးသွားမည်ဖြစ်သည်။

#Democracytoday