ဇီးကုန်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ ဘင်ခရာသင်တန်း ဖွင့်လှစ်

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာ ဘင်ခရာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင် ပါတီဘဏ္ဍာရေးမှူး ဦးအောင်မိုးဦး၊ လူငယ်ရေးရာတာဝန်ခံ ဦးခင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူ ၃ဝ ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဇော်ထွန်းက ဘင်ခရာသင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းအား ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာတာဝန်ခံ ဦးခင်ဝင်းက ဘင်ခရာ သင်တန်းနှင့် ပတ်သက်သော ကိစ္စအရပ်ရပ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သော ဘင်ခရာသင်တန်း အမှတ်စဉ် (၁/၂၀၁၇) ကို ယမန် နေ့မှ ယခုလ ၂၉ ရက်အထိ ၁ဝ ရက်တိတိ ပြည်ခိုင်ဖြိုးရုံးတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။

စိုးသစ္စာ(ဇီးကုန်း)