ပြည်ခိုင်ဖြိုးပါတီဝတ်အသင်းသူများပဋ္ဌာန်းရွတ်ဖတ်ပူဇော်

 

ပြည်ခရိုင် ပေါက်ခေါင်းမြို့ အသောကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သော ”အသောကစေတီနှင့် ရွှေကြီးမြင်စေတီ တော်မြတ်”နှစ်ဆူ၏ ဗုဒ္ဓပူဇနိယပွဲ၊ ရွှေသင်္ကန်း ကပ်လှူပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူပွဲကို မတ်လ (၂၀) ရက် နံနက် ၉ နာရီတွင် ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝတ်အသင်းသူများက ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြပြီး အလှူတော်ငွေများ ထည့်ဝင်လှူဒါန်း ပူဇော်ခဲ့ကြသည်။

သူရအောင်(ပြည်)