ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက် ကျေးရွာ ပါတီဝင်များနှင့် တွေ့ဆုံစည်းဝေး

 

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီတွင် ရပ်ကွက်၊ကျေးရွာပါတီ ခေါင်းဆောင်များ၊မဲရုံကိုယ်စားလှယ် များနှင့် တွေ့ဆုံစည်းဝေးခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်တောင်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကော်မတီဝင် ဦးတင်လင်း (ကွမ်းခြံကုန်းမြို့နယ် ပါတီဥက္ကဋ္ဌ) ၊ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယကများဖြစ်ကြသော ဦးဝင်းထိန်၊ ဦးမြင့်ကြိုင်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း (ကောမှူးမြို့နယ် ပါတီဥက္ကဋ္ဌ)၊ မြို့နယ်အတွင်းရေး မှူး ဦးကြည်ငြိမ်း၊ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူးဦးအေးနိုင်၊ မြို့နယ် ကော်မတီများ၊ ရပ်ကွက်၊ေ ကျးရွာ ပါတီခေါင်းဆောင်များ၊ မဲရုံကိုယ်စားလှယ်များ စုစုပေါင်း ၁၅ဝ တက် ရောက်ခဲ့သည်။

ထိုအစည်းအဝေးတွင် ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း က မဲရုံကိုယ်စားလှယ်များ၏ လုပ် ပိုင်ခွင့်တာဝန်များကို ရှင်းလင်းပြောကြားပြီး
ရန်ကုန်တောင်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးလွင်ဦးကလည်း ပါတီ၏မူဝါဒများ၊ ရွေးကောက်ပွဲ အတွေ့အကြုံများ၊ ဆောင်ရန်ရှောင်ရန်များ ပြောကြားပြီး တက်ရောက်လာသူများ က သိရှိလို သည်များနှင့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)