နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ယခင်အစိုးရအဖွဲ့၌ ပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ဖော်ကိုင်ဖက်များအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က ယခင်အစိုးရသက် တမ်းအတွင်း ပူးပေါင်းဆောင်ရွက် ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ အား ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံ ခြင်းအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင်နေပြည်တော်ဟိုတယ် ဇုန်-၂ ရှိKenpinski Hotel ၌ တည်ခင်းဧည့်ခံခဲ့သည်။


ဂုဏ်ပြု ညစာစားပွဲတွင် ဒေါက်တာကံဇော် ပြည်ထောင်စု ဝန်ကြီး(ငြိမ်း)မှ နိုင်ငံတော်သမ္မတ (ငြိမ်း)ဦးသိန်းစိန် လက်ခံရရှိခဲ့ သည့် Economic Research Institute for ASEAN and East Asia(ERIA) ၏ The 3rd Asia Cosmopolitan Award’s(Grand Prize)နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း၊
ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးဝဏ္ဏမောင်လွင်က နိုင်ငံတော်သမ္မတ (ငြိမ်း)ဦးသိန်းစိန် လက်ခံရရှိခဲ့သည့် Economic Research Institute for ASEAN and East Asia(ERIA) ၏ The 3rd Asia Cosmopolitan Award’s(Grand Prize) ဆုသွားရောက်ရယူ ခဲ့သည့်ခရီးစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော် သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ သမ္မတကြီး(ငြိမ်း)ဦးသိန်းစိန်နှင့်အတူ ဒုတိယသမ္မတ-၁(ငြိမ်း)၊ ဒုတိယသမ္မတ-၂(ငြိမ်း)၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ယခင်သမ္မတ၏နိုင်ငံရေး၊ စီးပွားရေးအကြံပေးပုဂ္ဂိုလ်များ၊ ယခင် အစိုးရအဖွဲ့အငြိမ်းစားဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ တိုင်း ဒေသကြီး/ပြည်နယ်အငြိမ်းစားဝန်ကြီးချုပ်များ တက်ရောက် ခဲ့ကြသည်။