ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် နန်းဇားကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၁၃ ရက် ညနေ ၄နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသ နန်းဇားကျေးရွာသို့ ရောက်ရှိပြီး ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာ ရုံ၌ကျင်းပသည့် နန်းဇားကျေးရွာ မိဘပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ရွာအဝင် ချောင်းကူးတံတား တည်ဆောက် ရေးအတွက် ကူညီဆောင်ရွက် ပေးမည်ဟု ကတိပြုပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနား သို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော် မတီဝင် ဦးမင်းမင်းဇေယျာမြင့်၊ ပါတီမိတ်ဆွေ စန်းမြတ်ရောင်ခြည် ဦးဇော်မင်းဦး၊ ကသာခရိုင် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းအောင် ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင် များ၊ ဗန်းမောက်မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးရဲအောင်နှင့် မြို့နယ် ပါတီ ကော်မတီဝင်များ၊ ကနန်းဒေသ အုပ်စုစည်းရုံးရေးမှူးများ၊ နန်းဇား ကျေးရွာမိဘပြည်သူများနှင့် အပျို လူပျိုအဖွဲ့များ စုစုပေါင်းအင်အား ၂ဝဝကျော် တက်ရောက်ကြသည်။
ဗဟိုဦးဆောင်ကော်မတီဝင်က နန်းဇားရွာ အဝင်တံတား တည် ဆောက်ရေးအတွက် သက်ဆိုင်ရာ သို့တိုင်းတာရေးလုပ်ငန်းများချက် ချင်းတိုင်းတာဆောင်ရွက်စေရာ တံတားအရှည် ပေ၂ဝ ၊သံကူ ကွန် ကရစ်တံတား တည်ဆောက်နိုင် ရေးအတွက် တွက်ချက်စီမံထားကြ ကြောင်း သိရသည်။

အေးဇေယျာ