ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး ဓာတ်ပေါင်းစုစေတီတော် အုတ်မြစ်ချ ပန္နက်ရိုက် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဟင်္သာတမြို့နယ် သနွံသနော့ ကျေးရွာရှိ မဟာနန္ဒာရာမ ပရိယတ္တိ စာသင်တိုက်အတွင်း တည်ထား ကိုးကွယ်မည့် ဓာတ်ပေါင်းစုစေတီ တော်အုတ်မြစ်ချမင်္ဂလာအခမ်း အနားကို ယခုလ ၁၆ရက် နံနက် ပိုင်းက အဆိုပါစာသင်တိုက်တွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ်နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ ကြကြောင်းသိရသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့် လှစ်ပြီး ဟင်္သာတမြို့ မိုးကောင်း ပရိယတ္တိ စာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ပါဠိပါရဂူ၊ ဒဿနိကပါရဂူဖြစ် တော်မူသော ဆရာတော်ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ ဆရာတော် ကြီးထံမှရှစ်ပါးသီလခံယူပြီး ပရိတ် တရားတော်နာယူကာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့် ဇနီးမြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ် နီနီဝင်းနှင့် အလှူရှင်များက လှူ ဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း သိရသည်။
ထို့နောက်သာသနာ့အလံကိုင် ဆောင်သူ သုံးဦးနှင့် ပရိတ်အိုး သယ်ဆောင်သူ ကိုးဦးတို့ကစေတီ တော် ပန္နက်တင်ရိုက်မည့်အနီး တွင်နေရာယူကြပြီး ပြည်ခိုင်ဖြိုး ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးက ပန္နက်တင်မင်္ဂလာပြု လုပ်သည်။ ထို့နောက် ဟင်္သာတ မြို့ မိုးကောင်းဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသမှ ဦးဆောင် ကာ သနွံသနော့ကျေးရွာ မဟာနန္ဒာ ရာမပရိယတ္တိစာသင်တိုက် ဦးစီး ပဓာန နာယက ဆရာတော်ဘဒ္ဒန္တ နန္ဒောဘာသ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦး နှင့် အလှူရှင်များက သတ်မှတ် နေရာအသီးသီးတွင် အုတ်မြစ်ချ ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။
ထို့နောက် မိုးကောင်းဆရာ တော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ နှင့်သံဃာတော်များကို ပြည်ခိုင်ဖြိုး ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

Union daily