ဆိပ်ကမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

မဲရုံ၌တာဝန်ပေးအပ်မည့် ပါတီဝင်မဲရုံကိုယ်စားလှယ်များ၏ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယခုလ ၁၄ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၆) မဲဆန္ဒနယ်မြေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင် မောင်အေး၊ အနောက်ပိုင်းခရိုင်ကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးမိုးဝင်း ကျော်၊ ဆိပ်ကမ်းပါတီဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ ကျောက်တံတားမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးသိန်း၊ အတွင်းရေးမှူး ဦးမောင်မောင်နိုင်၊ လူငယ်တာဝန်ခံ ဦးစည်သူအောင်နှင့် ပါတီဝင်များ တက်ရောက်ကြကြောင်း သိရပြီး အလုပ်ရုံဆွေးနွေးပွဲ၌ မဲရုံများတွင်တာဝန်ယူမည့် ပါတီဝင်များက ဆောင်ရန်၊ ရှောင်ရန်စည်းကမ်းချက်များကို အကျယ်တဝင့်ဆွေးနွေး ဖလှယ်ခဲ့ကြကာ မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့လွတ်လပ်စွာ မဲပေးနိုင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မောင်စိန်ဝင်း