ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လှိုင်သာယာ(၁ဝ)ရပ်ကွက်တွင် မိတ်ဆက်

 

၂ဝ၁၇ ခုနှစ် ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ (လှိုင်သာယာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) ဦးတင်ယုသည် ယခုလ ၁၃ ရက် နံနက် ၉ နာရီတွင် လှိုင်သာယာ မြို့နယ်ရှိ (၁ဝ)ရပ်ကွက် နယ်မြေတွင် တစ်အိမ်တက်ဆင်းရပ်ကွက် ပြည်သူများနှင့်တွေ့ဆုံ၍ မဲဆွယ်စည်းရုံးသည်။

မဲဆွယ်စည်းရုံးရာတွင် ပြည်ခိုင်ဖြိုးအလံငယ်များ၊ ခြင်္သေ့ တံဆိပ်ပှါSticker များကို လည်းကောင်း၊ ကိုယ်စားလှယ် လောင်း၏ကိုယ်ရေးအကျဉ်းစာစောင်များကိုဝေငှကြသည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်အတူ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခေတ္တဥက္ကဋ္ဌ ဦးဇေယျအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင် အင်အား ၅ဝ ခန့်လိုက်ပါဆောင်ရွက်ကြကြောင်း သိရသည်။
ဖိုးအာကာ