၂ဝ၁၇ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေမူကြမ်း အခြေခံဝန်ကြီးဌာ နနှစ်ခုနှင့် အခွန်အကောက် ငွေကြေးဖောင်းပွမှုအပေါ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်သုံးသပ်

ယမန်နေ့က ပြုလုပ်သည့်ပြည် ထောင်စုလွှတ်တော် အစည်း အဝေး၌ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီ၏ ၂ဝ၁၇ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေ ကြမ်းလေ့လာတွေ့ရှိချက်တင်ပြခဲ့ ခြင်းတွင် ပါဝင်သည့်အဖွဲ့အစည်း အလိုက်အသုံး စရိတ်လျာထားမှု နှင့်ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ် စားပြု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ကျောင်းကုန်းမဲ ဆန္ဒနယ်မှ ဦးသိန်းထွန်းက စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာနတို့အပြင် အခွန် အကောက်နှင့် ဂျီဒီပီနှိုင်းယှဉ် သုံးသပ်မှုနှင့်ငွေကြေးဖောင်းပွမှု တို့အတွက် အခြေခံနှစ်သတ်မှတ် ခြင်းတို့နှင့်ပတ်သက်၍လွှတ်တော် သို့ သုံးသပ်တင်ပြခဲ့သည်။

 


ယင်းသို့ သုံးသပ်ခဲ့ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနနှင့်ပတ်သက်၍ ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်လျာ ထားမှုအပေါ်၌ သုံးသပ်ခဲ့ရာတွင် ၂ဝ၁၄-၂ဝ၁၅ ၌ ၅ ဒသမ ၃၈ ရာခိုင်နှုန်း၊ ၂ဝ၁၅-၂ဝ၁၆ ၌ ၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၂ဝ၁၆- ၂ဝ၁၇ ခုနှစ် အတွက် ၅ ဒသမ ၈ဝ ရာခိုင်နှုန်း လျာထားခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ခုနှစ်အတွက် စိစစ် ဆဲဘတ်ဂျက်၌ ၅ ဒသမ ၉၇ ရာခိုင်နှုန်းဟုတွေ့ရှိရသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအောက်၌ မွေး မြူရေး ရေလုပ်ငန်း ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် သမဝါယမ ကဏ္ဍတို့ ပေါင်းစပ်ပါဝင်နေခြင်း ကြောင့် ယခုနှစ်လျာထားချက် နည်းပါးကြောင်း၊ မြန်မာ နိုင်ငံ လူဦးရေ ရာခိုင်နှုန်း ၇ဝ မှာ တောင်သူလယ်သမားများဖြစ်သည့် အတွက် နည်းပညာ၊ ဓာတ်မြေသြ ဇာစသည့် သွင်းအားစုများရှိနေ သည့်အတွက် ယခုထက်ပိုမို လျာထားသင့်ပြီး ကျေးလက်ဖွံ့ဖြိုး ရေးအတွက် လမ်းတံတားများ သောက်သုံးရေရရှိရေးဆောင်ရွက် ရန် ယခင်ဘဏ္ဍာနှစ်များထက် လျော့ကျသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ လျော့ကျခြင်းကြောင့် ဆည်များအသစ်တည်ဆောက် ခြင်းမပြုသော်လည်း တည်ဆောက် ခဲ့ပြီးသည့်ဆည်များအား ပြန်လည် ပြုပြင်ခြင်း၊ လက်တံမြောင်းများ ပြုလုပ်ပေးခြင်းဆောင်ရွက်နိုင်မှ သာ လယ်ယာသီးနှံထွက်ကုန်တိုး တက်လာမှာဖြစ်ကြောင်း သုံးသပ် တင်ပြခဲ့သည်။

ဆက်လက်၍ ဆောက်လုပ် ရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက် ခွဲဝေမှုအပေါ်၌ ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတစ်ဝန်းရှိ လမ်းတံတား များ တာဝန်ယူလုပ်ဆောင်နေရ ခြင်းကြောင့် ယမန်နှစ်ဘတ်ဂျက် ခွဲဝေမှု ၂ ဒသမ ၄၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ် ၂ ဒသမ ၄၁ ရာခိုင်နှုန်းသို့ လျော့နည်းခဲ့ခြင်း အတွက် ပြီးစီးခဲ့သည့်လမ်းတံတား များအား ထိန်းသိမ်းပြုပြင်ရန် ထိခိုက်နိုင်ပြီး လမ်းသစ်တံတား သစ်များ ထပ်မံတည်ဆောက်ရာ၌ ဘတ်ဂျက်ကြောင့် ကြန့်ကြာမှုဖြစ် ပေါ်နိုင်သည်ဟု သုံးသပ်တင်ပြခဲ့ သည်။

အခွန်အကောက်ဆိုင်ရာကဏ္ဍ တွင်လည်း ကော်မတီ၏ဖော်ပြပါ စာရင်းဇယားအရ ၂ဝ၁၄-၂ဝ၁၅ တွင် ၉ ဒသမ ၈ ရာခိုင်းနှုန်း၊ ၂ဝ၁၅-၂ဝ၁၆ တွင် ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ၂ဝ၁၆-၂ဝ၁၇ တွင် ၈ ဒသမ သုည ရာခိုင်နှုန်း နှင့် ၂ဝ၁၇-၂ဝ၁၈ မူလခန့်မှန်း ခြေ၌ ၇ ဒသမ ၁ ရာခိုင်နှုန်းဟု ဖော်ပြထားသည့်အတွက် အခွန် နှင့်ဂျီဒီပီအချိုးလျော့နည်းနေသည် ကိုတွေ့ရှိရပြီး ဘတ်ဂျက် လိုငွေ လျော့နည်းရခြင်းမှာ အခွန်ရငွေ သည် အဓိကဖြစ်သည့်အတွက် အခွန်နှင့်ဂျီဒီပီအချိုး ၁ဝ ရာခိုင် နှုန်းဖြစ်ပေါ်ရန် ကြိုးစားလုပ်ဆောင် ရန် လိုအပ်ကြောင်းနှင့် ငွေကြေး ဖောင်းပွမှုကဏ္ဍအတွက် ဆွေးနွေး ခဲ့ရာ၌လည်း ၂ဝ၁၃-၂ဝ၁၄ ခုနှစ် တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်၌ ၁ဝ ဒသမ ၇ ရာခိုင်နှုန်း၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ၌ ၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂ဝ၁၇-၂ဝ၁၈ခုနှစ်မူလခန့်မှန်းခြေ ၇ ဒသမ ၉ ရာခိုင်နှုန်းဟု ဖော်ပြ ထားပြီး (ပရီးဆီးယား)ကိုလည်း ၂ဝဝ၆ ဟုဖော်ပြထားကာ ယင်း ဖော်ပြထားခြင်းအပေါ် စီမံကိန်း မူကြမ်းဆွေးနွေးခဲ့ရာ၌ ၂ဝ၁၇ စက်တင်ဘာအကုန်တွင် ဖြစ်ပေါ် ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှု နှုန်း ၉ ဒသမ ၁၆ ရာခိုင်နှုန်းမှာ ၂ဝ၁၂ ခုနှစ်အား အခြေခံတွက် ချက်သကဲ့သို့ ၂ဝ၁၇-၂ဝ၁၈ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အား တူညီသောအခြေခံနှစ်ဖြင့် ခန့်မှန်းထားခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ်အား အခြေခံနှစ်အဖြစ် သတ်မှတ်ရခြင်းမှာ ဈေးနှုန်းတည် ငြိမ်သည့်နှစ်ဖြစ်ခြင်းကြောင့်လည်း ကောင်း၊ ၂ဝဝ၆ခုနှစ်အား အခြေခံ နှစ်အဖြစ်သတ်မှတ်ရခြင်းမှာလည်း ခြောက်နှစ်ခန့်ကြာမြင့်ခဲ့ခြင်း ကြောင့်ဟု ဝန်ကြီးဌာနမှ ရှင်း လင်းဖြေကြားခဲ့ပြီးအခြားတစ်ဖက် ၌ ပရီးဆီးယားအား ၂ဝဝ၆ ဟု သတ်မှတ်ထားခြင်း တွေ့ရှိရကာ (ပရီးဆီးယား)အား ၂ဝဝ၆ မှ ၂ဝ၁၆ သို့ ပြောင်းခဲ့သည့်အတွက် ငွေကြေးဖောင်းပွမှု ယခုနှစ် ပိုမို များပြားနိုင်သည်ဟု တွက်ချက် ဆွေးနွေးခဲ့ပြီး လူသုံးကုန်နှင့် စက် သုံးဆီဈေးနှုန်းများဖြင့် ငွေကြေး ဖောင်းပွမှုနှုန်းတို့အား နှိုင်းယှဉ် ပါက သိရှိနိုင်မည်ဟု ထောက်ပြ ဆွေးနွေးခဲ့သည်။

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အဆိုတင်ခြင်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တို့ ပြန်လည် ဆွေးနွေးခြင်းနှင့် လွှတ်တော် အဆုံးအဖြတ်ရယူခြင်း၊ ဥပဒေ ကြမ်းအတည်ပြုခြင်းတို့အား ယခု လ ၁၇ ရက်နေ့တွင် ဆောင်ရွက် ရန်လျာထားကြောင်း သိရသည်။

ကိုကိုလွင်