ပြည်သူ့အစိုးရလုပ်ဆောင်ချက် အာဏာရှင် ဆန် မဆန် ပြန်သုံးသပ်ရန် လိုအပ်နေဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေးပြောကြား

ပြည်သူ့အစိုးရဟုလွှတ်တော် ကိုယ်စားလှယ်အများစုတို့၏ သုံးနှုန်းပြောဆို နေခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲရလဒ်ဖြင့် ရရှိလာသည့် ယခင်အစိုးရ သည်လည်း ပြည်သူ့အစိုးရဖြစ်ကြောင်းနှင့် ပြည်သူကိုဗဟိုမပြုဘဲ လွှတ်တော် အတွင်း မဲအသာဖြင့် အတည်ပြု ဆောင်ရွက်ခြင်းသည်လည်း အာဏာရှင်ဆန် မဆန် ပြန်လည်သုံးသပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး ရေးပါတီကိုယ်စားပြု မင်းကင်းမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မြင့်ကပြော ကြားဆွေးနွေးခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အကြား သံလွင်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သည့် တံတားအမည်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ အမျိုးသား ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်ဖြင့် ဂုဏ်ပြုသတ်မှတ်ပေး ရန် ပြည်ထောင်စုအစိုးရသို့တိုက် တွန်းခဲ့သည့်အဆိုနှင့်ပတ်သက်၍ ယနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု မင်းကင်းမြို့ နယ်မှ လွှတ်တော်ကိုယ်စား လှယ် ဦးမောင်မြင့်ကယခုကဲ့သို့ပြောကြား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

”လက်ရှိအစိုးရကို ပြည်သူ့ အစိုးရလို့ လွှတ်တော်ကိုယ်စား လှယ်တွေက ပြောကြပါတယ်။ သမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင် တဲ့အစိုးရကရော ပြည်သူ့အစိုးရ မဟုတ်ဘူးလားလို့ ကျွန်တော်မေး ချင်ပါတယ်။

ရွေးကောက်ပွဲနဲ့တက်လာရင် အားလုံးပြည်သူ့အစိုးရပဲ ဖြစ်ပါတယ်။ ပြည်သူ့ အစိုးရမှန်ရင် ပြည်သူကိုဗဟိုပြုရပါမယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီကိစ္စမှာ တော့ ပြည်သူကို ဗဟိုပြုတာမဟုတ်ဘဲနဲ့ လွှတ်တော်က မဲအသာနဲ့အတည်ပြု မယ်ဆိုလို့ရှိရင်တော့ ဒါဗဟိုဦးစီး ကိုသွားနေပြီလို့ ကျွန်တော်မြင် ပါတယ်။ အာဏာရှင်စနစ်ကိုတော့ ကျွန်တော်မပြောချင်ဘူး၊ ဒါပေမဲ့ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေက အာဏာရှင်ဆန်နေပြီလားဆိုတာ ပြန်စဉ်းစားဖို့ လိုပါတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်”ဟု ဦးမောင်မြင့်က ဝေဖန်ပြော ကြား ကန့်ကွက်ခဲ့သည်။

ဆက်လက်၍ ဆွေးနွေးရာ၌ ”အဆိုရှင်စိတ်ဆန္ဒမှန်ကန်သော်လည်း လုပ်နည်း မှားနေတယ်လို့ မြင်ပါတယ်။ အမျိုးသားခေါင်း ဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုချင်တဲ့စေတနာက အလွန် ကောင်းပါတယ်။ ကျွန်တော် တို့ လည်း ဂုဏ်ပြုချင်ပါတယ်။ လွှတ် တော်မှာ တံတားကိုအမည်ပေး ကင်ပွန်း တပ်တာကြီးကို ငြင်းခုံ ဆွေးနွေးရမဲ့နေရာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ လွှတ် တော်မှာ အဓိကဆောင်ရွက်ရမဲ့ ကိစ္စကတော့ ဥပဒေပြု ပြုခြင်းနဲ့ တရားစီရင်ရေးတို့ရဲ့ အပြန်အလှန် ထိန်းကျောင်းခြင်း Check and balance ဖြစ်ပါတယ်။ တံတား အမည်ပေးရမှာက အစိုးရရဲ့တာဝန်ပါ။

အစိုးရရဲ့လုပ်ပုံကိုမကြိုက်ရင် လွှတ်တော်က ထိန်းကျောင်းပေးရမဲ့ တာဝန် ရှိပါတယ်။ မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး နုတ်ထွက်သွားတာ ဟာလည်း ဒီ တံတားနာမည်ပေးတဲ့ကိစ္စပေါ်မှာ သဘောထားကွဲလွဲတဲ့ အချက်
တစ်ချက်ပါတယ်လို့သိရပါတယ်။ ချောင်းဆုံမြို့နယ်က လူထုတွေဟ ဗိုလ်ချုပ် အောင်ဆန်းတံတားလို့ အမည်ပေးတာကို ဖော်ထုတ်ပြီး မကျေနပ်လက်မခံ တာကို ပြသနေ ပါတယ်။ လွှတ်တော်အနေနဲ့ ဗိုလ်ချုပ်ကိုဂုဏ်ပြုချင်လို့ ဗိုလ်ချုပ် အောင်ဆန်းတံတားလို့အမည်ပေး တယ်။ ဒါဟာလည်း လွှတ်တော် က တိုက်ရိုက်ပေးဖို့မသင့်ပါဘူး။ အစိုးရအဖွဲ့က အကြောင်းကြားရ မှာဖြစ်ပါ တယ်။ ဒါဟာလည်း အစိုးရအဖွဲ့ရဲ့တာဝန်လည်းဖြစ်ပါ တယ်။

မော်လမြိုင်တံတား၊ ဘားအံ တံတား အခုတံတားထက်ကြီးပါ တယ်။ အဲဒီ တံတားတွေဟာ ပြည်မကြီးနဲ့ပြည်နယ်များကို ဆက် သွယ်တဲ့အင်မတန်မှ အရေးကြီးတဲ့ တံတား တွေဖြစ်ပါတယ်။ အလား တူပဲ ဗလမင်းထင်တံတား၊ အနော် ရထာတံတား၊ ဗိုလ်မြတ်ထွန်း တံတား၊ ဘုရင့်နောင်တံတား၊ လူ နာမည်နဲ့တံတားတွေကလည်း အခု တံတားထက်ပိုကြီးပါတယ်။ ပိုရှည်ပါ တယ်။ ပိုအသုံးဝင်ပါတယ်။ ဗိုလ်ချုပ်ကိုဂုဏ်ပြုချင်တာဆိုရင် မြန်မာနိုင်ငံမှာ အကြီးဆုံးအရှည် ဆုံးတံတားကြီးကို ဗိုလ်ချုပ်တံတား လို့ အမည်ပြောင်းဖို့ အဆိုတင်ရင် ကျွန်တော်တို့အပြည့်အဝထောက်ခံမှာပါ။

သာမန်တံတားလေးကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးတာက ဗိုလ်ချုပ်ကို နှစ်ခါသတ်တယ်လို့ပြောချင်တယ်။ တိုင်းရင်းသားတွေအလိုက် မျိုး ချစ်သူရဲကောင်းတွေရှိပါတယ်။ မွန် လူမျိုးတွေက အင်မတန်အစဉ်အလာ ကြီးမားပါတယ်။။ နောက် ဆုံးဗျာ သမ္မတကြီးဦးထင်ကျော်ရှိ တယ်။ အဲဒီလူတွေ ထဲက ကြိုက်တဲ့ အမည်ပေး ကျွန်တော်တို့က ထောက်ခံတယ်ဆိုတာကို ပြော ချင်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ် အောင်ဆန်းတံတားလို့မီတာငါးရာ လောက် ရှည်တဲ့ တံတားလေးကို နာမည်ပေးတယ်ဆိုတာဟာ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းကို နှစ်ခါ သတ်တာဖြစ်လို့ ကျွန်တော်တို့ကတော့ မထောက်ခံဘူး။ ဒါဟာ ဗိုလ်ချုပ်ရဲ့ ကြီးမြတ်တဲ့ဂုဏ်ဒြပ် ကိုနှိမ့်ချနေတယ်လို့ ကျွန်တော်တို့ က ဒီနေရာကနေလေးလေးနက် နက်ကန့်ကွက်ကြောင်း ကျွန်တော် တင်ပြပါတယ်”ဟုမင်းကင်းမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့၏ ဆွေးနွေးမှုအပြီး လွှတ် တော်၏ အတည်ပြုချက်ရယူ ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စား ပြု ဆွေးနွေး ခဲ့သည့် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်နှင့် လွှတ်တော်ကိုယ် စားလှယ်တစ်ဦးတို့ သဘောမတူ ကြောင်းမတ်တပ်ရပ် ကန့်ကွက်ခဲ့သော် လည်း ကန့်ကွက်မှုအပေါ် စက်ခလုတ်သုံး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံဆန္ဒမဲ ၂၁၇ မဲ၊ ကန့် ကွက်မဲ ၄၃ မဲ၊ ကြားနေမဲ ၁၁၆ မဲဖြင့် တံတားအမည် သတ်မှတ် ခြင်းနှင့်ပတ်သက်၍ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းအမည် ဖြင့် ဂုဏ်ပြုသတ်မှတ် ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့သည့် အဆိုနှင့် ပတ် သက်၍ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

Union Daily