အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များ နှစ်စဉ်ကြေးပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရုံး ခန်းမတွင် ယနေ့ နံနက် ၁ဝနာရီ က အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၃မြို့နယ်မှ ပါတီဝင်များ ၏ နှစ်စဉ်ကြေးငွေပေးအပ်ပွဲအခမ်း အနား ကျင်းပသည်။
အခမ်းအနားကို အနောက်ပိုင်း ခရိုင်ကဦးစီးပြုလုပ်ပြီး အနောက် ပိုင်းခရိုင်ဥက္ကဋ္ဌ၊ အရန်ဗဟိုကော် မတီဝင် ဦးနေဝင်း ၊ အနောက်ပိုင်း ခရိုင်အတွင်းရေးမှူး ဦးမြင့်ဆောင်၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးမိုးဝင်း ကျော်တို့က မြို့နယ် ၁၃ မြို့နယ်၏ နှစ်စဉ်ကြေးငွေများ လက်ခံရယူ သည်။

အခမ်းအနားသို့ အနောက်ပိုင်း ခရိုင်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ (၁၃)မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီ ဝင်အင်အား ၁ဝဝတက်ရောက်ပြီး အနောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးနေဝင်း က နှစ်စဉ်ကြေးပေးဆောင်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြား ကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)