ထရန့်၏ ခရီးသွားပိတ်ပင်မှု အသစ်ကို ပြည်နယ်များက ဆန့်ကျင်မှုရှိနေ

ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း ပြန်လည်ပြင်ဆင်မည့်အမိန့်ကို ဒီမိုကရက်တို့ဦးဆောင်သည့် ပြည်နယ်များက ရပ်ဆိုင်းပေးရန် ပြည်ထောင်စုတရားရုံးကို ဖိအားပေးလျက် ရှိကြသည်။ အကောင်အထည်ဖော်ဖြစ်ပါက ကြာသပတေးနေ့တွင် စတင်လိမ့်မည်ဖြစ်သည်။

ထရန့်၏အမိန့်နှင့်ပတ်သက်၍ ပြည်နယ်ရှေ့နေချုပ်နှစ်ဦးက တရားစွဲဆိုခဲ့ကြသည်။ ဤအမိန့်မှာ အမေရိကန် ပြည်ထောင်စုသို့ ဒုက္ခသည်ဝင်ရောက်မှုကို ရက် ၁၂၀ ပိတ်ထား ရန်နှင့် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသားများကို ဗီဇာရက် ၉၀ ပိတ်ပင်ရန်အမိန့်ဖြစ်သည်။

ဝါရှင်တန်ပြည်နယ်က ကယ်လီဖိုးနီးယား၊ မေရီလင်း၊ မက်ဆာချူးဆက်၊ နယူးယောက်နှင့် အိုရီဂွန်ပြည်နယ် တို့နှင့်ပူးပေါင်းလျက် ထရန့်၏ပထမအမိန့်ကို တားမြစ်သည့်အမှုမျိုးကို လျှောက်ထားခဲ့ကြသည်။ ဟာဝိုင်ယီ ပြည်နယ်ကလည်း အမိန့်အသစ်ကို ဆန့်ကျင်တရားစွဲဆိုခဲ့သည်။ လူ့အခွင့်အရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ရှေ့နေများအဖွဲ့တို့ကလည်း မေရီလင်းပြည်နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ကြသည်။

ဤအမှုအားလုံးကို ဗုဒ္ဓဟူးနေ့တွင် ကြားနာသွားမည်ဖြစ်သည်။ ပထမအမိန့်ကို ထရန့်ကဇန်န ၀ါရီ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပြည်တွင်းရောပြည်ပကပါ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ အမေရိကန် လေဆိပ်များတွင် လူတချို့ ဖမ်းဆီးခံခဲ့ကြရသည်။ တချို့ကိုလာ သည့်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

အိမ်ဖြူတော်က ဤအမိန့်ကိုဆက်လက်ထုတ်ပြန်ခဲ့ရာ တရားရုံးသို့ တချို့ကထပ်မံလျှောက်ထားခဲ့ကြသည်။ သို့ရာတွင် ဥပဒေအရအချက်အလက်မှာ မူလအမိန့်နှင့် အတူတူပင်ဖြစ်သည်။ ၀ါရှင်တန်ပြည်နယ် ရှေ့နေ ချုပ် ဖာဂူဆန်က အစိုးရသည်ပထမအမိန့် ကဲ့သို့ဆုံးဖြတ်မှုမပြုလုပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။

ဖာဂူဆန်က တရားသူကြီး ဂျိမ်းစ်ရောဘတ်အား အလျင်အမြန်ကြားနာရန်ပြောခဲ့ရာ ရောဘတ်က ဗုဒ္ဓဟူး နေ့မတိုင်မီ ကြားနာမှုမပြုနိုင်ကြောင်း ပြန်ပြောခဲ့သည်။ ထရန့်က မူဆလင်များကို တားမြစ်ရန်အကြမ်းဖက် အစွန်းရောက်များကို တားမြစ်ရန် အမိန့်ထုတ်ရသည်ဟု ပြောခဲ့သည်။

ဝေဖန်သူများက ဤအမိန့်မှာ မူဆလင်များကို တားမြစ်ခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။ ၀က်စ်ကွန်ဆင် တရားသူကြီးက အမေရိကန်သို့ရောက်နှင့်ပြီးသည့် ဆီးရီးယားဒုက္ခသည်များတွင် အမျိုးသမီးများနှင့် ကလေးများကို အမိန့်၌မပါဝင်ဟု ပြောကြားခဲ့သည်။  Ref:AFP