ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ လှိုင်နှင့် ကြည့်မြင်တိုင်မြို့နယ် ကော်မတီဝင်များ ဝန်းရံသူများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီသည် မတ်လ (၁) ရက် မွန်းလွဲ (၁) နာရီအချိန်က ရန်ကုန်အနောက် ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပါတီရုံးတွင် ပါတီဝင်များ၊ ၀န်ရံသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်သည် မွန်းလွဲ (၃) နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်ပါတီရုံးတွင် ပါတီဝင်များ၊ ၀န်ရံသူများ၊ ရပ်မိရပ်ဖများနှင့် ထပ်မံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော် မတီဝင် ဦးသာဝင်း၊ ဗဟို ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဝင်းနှင့် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်နှင့် ခရိုင်ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးခင်မောင်အေးနှင့် မြို့နယ်ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝန်းရံသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက မိမိတို့ပါတီသည် ဒီမိုကရေစီစနစ်ကို စတင် မိတ်ဆက် ဖော်ဆောင်ပေးခဲ့သော ပါတီဖြစ်ကြောင်း၊ ပါတီဝင်အများစုသည် နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေး အတွေ့အကြုံ ရင့်ကျက်သူများနှင့် ဖွဲ့စည်းထားသည့် လူ့စွမ်းအား အရင်းအမြစ် မြင့်မားသည့် ပါတီဝင်များဖြစ်ကြောင်း၊ သို့သော် အဘက်ဘက်မှပြည့်စုံသည်ဟု မပြောလိုကြောင်း၊ လိုအပ်ချက်များ ရှိကောင်း ရှိနိုင်ကြောင်း လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ပါတီအပေါ်ယုံကြည်သက်ဝင်သူများ ဝန်းရံသူများအနေဖြင့် မိမိတို့ပါတီကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေ လိုကြောင်း၊ ပြည်သူကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များသည် ပြည်သူတို့၏ ဆန္ဒ သဘောထားများကို လွှတ်တော်တွင် ပြောရဲ ၏ဆိုရဲရှိသည့် သူများဖြစ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်မိရပ်ဖများက ပြန်လည်ဆွေးနွေးကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးအား ပါတီဝင်များ၊ ပါတီဝန်းရံသူများထံ မိတ်ဆက်၍ အပ်နှံပေးခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)