ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် (Global Hope) တို့ ပူးပေါင်း၍ စတုတ္ထ အကြိမ်မြောက် နေပြည်တော်တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက် မှုဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် မတ် (၁၀) ရက် မွန်းလွဲ ၁နာရီမှ စတင်၍ ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ ကျန်းမာရေး စောင့် ရှောက်မှု လူမှုအဖွဲ့အစည်း (Global Hope) တို့ ပူးပေါင်း၍ ဒေသခံပြည်သူ များအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်ပေးခဲ့သည်။

 

ရာဇသင်္ဂဟဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ(၁)ဦးမျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်ငွေနှင့် ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်တို့က အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေသော နေရာသို့ ရောက်ရှိ လာပြီး ဒေသခံပြည်သူများအား ရင်းနှီးစွာ လိုက်လံတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ရာဇသင်္ဂဟ ဖောင်ဒေးရှင်း မှ ပြည်သူများအား ယခုလို အခမဲ့ဆေးဝါးကုသပေးခြင်း၊ သက်ကြီးရွယ်အို များအား ကူညီစောင့်ရှောက်ပေးခြင်း၊ ဆင်းရဲချို့တဲ့သူများထဲမှ ပညာထူးချွန်သူ များကို ကူညီစောင့်ရှောက်ပေးခြင်း၊ ဘာသာရေး၊ သာသနာရေးနှင့် အခြား လူမှုရေးကိစ္စများကို ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုဆိုလျှင် နေပြည်တော် တွင် စတုတ္ထအကြိမ်မြောက် အခမဲ့ ဆေးကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ပျဉ်းမနားမြို့နယ်မှ ကျေးရွာအုပ်စု ၂၉ အုပ်စုရှိ ရပ်ကွက်/ကျေးရွာများ မှ ဒေသခံပြည်သူများ အား မတ်လ (၁၀) ရက်တွင် ၁၅ဝ၊ (၁၁) ရက်တွင် ၃၅ဝ စုစုပေါင်း ၅ဝဝ တို့ကို Global Hope မှ ဆရာဝန်ကြီး Jim Jongsung ဦးဆောင်ပါဝင်သော ၁၅ ဦးအဖွဲ့နှင့် မြန်မာနိုင်ငံမှ ဆရာဝန် များက ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ ကူညီဆောင်ရွက်ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဌေးဝင်း နှင့် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး နှင့် ကော်မတီဝင်များ၊ ပျဉ်းမနားမြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

# ဘရင်