ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်များ နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို မတ်လ (၁၀) ရက် နံနက် ၉ နာရီက ပုသိမ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနား၌ တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းမှ တက်ရောက် အမှာစကားပြော ကြားရာ ”ပါတီတိုင်းသည် ပါတီဝင်များရဲ့ဝင်ကြေးများအပေါ် တည်မှီဆောင်ရွက် ရပါကြောင်း၊ အခြေခံကျသော ရပ်ကျေးများရဲ့ အင်အားသည် အရေးကြီး ပါကြောင်း၊ ခိုင်မာသောပါတီဝင်များရဲ့ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျ ကြောင်း ၂ဝ၂ဝအောင်နိုင်ရေးအတွက် တစ်ကျော့ပြန် ပြန်လည်အောင်ပွဲဆင်နွှဲ ရန် ယခုကတည်းက ကြိုးစား ဆောင်ရွက်ကြရန်” ပြောကြားသည်။

ထို့နောက် တိုင်းပါတီရုံး၊ ပုသိမ်ခရိုင်ပါတီရုံး၊ ပုသိမ်မြို့နယ် ရပ်ကျေး ပါတီဝင် ၃ဝဝ နှစ်စဉ်ကြေးငွေ ကျပ် ၃ဝဝဝဝဝ ကို ရပ်ကျေးအဖွဲ့ခေါင်းဆောင် မအေးထိုက်က ပေးအပ်ရာ တိုင်းပါတီကော်မတီဝင် ဒေါ်နွယ်နွယ်ဦး က လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်းကော်မတီဝင်များ၊ ပုသိမ်ခရိုင် ပါတီအတွင်းရေးမှူး ဦးကျော်ကျော်၊ ပုသိမ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အုန်းနှင့် ကော်မတီဝင်များ ရပ်/ကျေးပါတီဝင်များ တက် ရောက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကိုကိုလတ်