ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ်ရှိ ပြည်နယ် ခရိုင် မြို့နယ် ရပ်/ကျေးကော်မတီဝင်များအား လွိုင်ကော်မြို့၌တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကယားပြည်နယ် လွိုင်ကော် မြို့ရှိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌများက ပါတီတွင်းလှုပ်ရှားမှုများကို ဦးစွာတင်ပြခဲ့ပြီး ခရိုင် ပါတီဥက္ကဋ္ဌများက ဆက်လက်တင်ပြခဲ့ သည်။ ထို့နောက် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ က ကယားပြည်နယ်အတွင်း ပါတီ၏အခြေ အနေကို ခြုံငုံသုံးသပ်တင်ပြခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း ဌေးက လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့်အတူ အတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ပြည်နယ် ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မတီ ဝင်များ၊ ပါတီဝင်များ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
မင်းဟိန်း