ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ် မြို့နယ်အောင်နိုင်ရေး ကော်မတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစည်းရုံးဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်ကာ ပါတီဗဟိုကော်မတီဝင် ဦးတင်အောင်၊ ပါတီအရန်ဗဟိုကော်မတီဝင် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် အတွင်းရေးမှူး ဒေါက်တာ ကျော်စိုးနှင့် ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမြင့်တို့ လိုက်ပါလျက် မြို့နယ်ပါတီအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ မြို့နယ်ကော် မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၆ဝ နှင့်အတူ လေးထောင့်ကန် ရပ်ကွက်အတွင်းရှိ ဒေသခံမိဘပြည်သူများထံ အဖွဲ့လေးဖွဲ့ခွဲ၍ ရွေးချယ်ခံ မည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ်လောင်းအား မိတ်ဆက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ မိမိတို့ပါတီ၏ ပြည်သူ့အပေါ် ထားရှိသည့် မူဝါဒ၊ သဘောထား များ ရှင်းလင်းခြင်းများကို မွန်းလွဲ ၁ နာရီ အထိ အောင်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံ-အရှေ့)