ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လွိုင်ကော်မြို့ရှိ ရပ်မိရပ်ဖများ လူမှုရေးအသင်းအဖွဲ့များ အငြိမ်းစားဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၉) ရက်နေ့ နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ပါတီရုံး၌ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဦးစွာ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသည့် အခြေအနေများအပေါ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဒေသခံရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ပြီး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေး နွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ လာရောက်ဖျော်ဖြေသည့် ကယန်းယဉ်ကျေးမှု ဗုံပလွေအဖွဲ့အား ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် သုံးသိန်း ချီးမြှင့်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်များ၊ ပြည်နယ်ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ပါတီဝင်များ၊ မြို့ခံ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစားဝန်ထမ်းများ စုစုပေါင်း ၅ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နံနက် ၁ဝ နာရီခွဲတွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

မင်းဟိန်း