မျိုးချစ်လူငယ်များနှင့် မြန်အောင်ပြည်ခိုင်ဖြိုးတွေ့ဆုံ

 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့ နယ်တို့မှ အမျိုးသားရေးဆောင် ရွက်နေကြသော မျိုးချစ်လူငယ်များ နှင့်မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ကမြန်အောင် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ မီဒီယာများ၏ ဘက်လိုက်မှု၊အမျိုး သားရေးသမားများနှင့်ပြည်ခိုင်ဖြိုး ပါတီတို့၏ အမျိုးသားရေးလှုပ်ရှား ဆောင်ရွက်မှုများကိုအကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
Online media တွင် နေ့စဉ် ဖြစ်ပေါ်နေသော အမျိုးသားရေး အကြောင်းအရာများနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေး ကြပြီး ပြည်သူတို့၏အကျိုးစီးပွား အတွက် လက်တွဲဆောင်ရွက်သင့် သည့်ကိစ္စရပ်များကို လက်တွဲ ဆောင်ရွက်သွားကြရန် ဆွေးနွေးပွဲ မှ သဘောတူညီခဲ့ကြသည်။

နေဝင်းဇော်(မြန်အောင်)