မစိုးရိမ်ဆရာတော်ကြီး ဈာပနအတွက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ အလှူငွေ ကျပ် သိန်း(၃၀) လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်မောင် တို့သည် မတ်လ (၆) ရက် နံနက်ပိုင်းတွင် ပါတီဝင်များလိုက်ပါလျက် (၂၇.၂.၂၀၁၇) ညပိုင်းက ပျံလွန်တော်မူသွားပြီဖြစ်သော မစိုးရိမ်ကျောင်းတိုက် အဓိပတိမဟာနာယက သဒ္ဒမ္မ နယူးပဒေသကျောင်းဆရာတော် ဘုရားကြီး နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပဒုမာဘိဝံသ သက်တော်(၈၂)၊ ဝါတော်(၆၂)ဝါ၏ ရုပ်ကလပ်အား သွားရောက်ဖူးမျှော် ကန်တော့ခဲ့ပြီး ဈာပနအတွက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း (၃၀)ကို ဆရာတော်များထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။
ဆရာတော်ကြီးဈာပနအတွက် ပါတီဗဟိုဦးဆောင်နာယကကြီး ဦးသိန်းစိန် မှလည်း ကျပ်သိန်း(၃၀)၊ ပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မှလည်း(၂)သိန်းကျပ်၊ မန္တလေးတိုင်းဒေသကြီးပါတီမှလည်း ရုပ်ကလပ်ပင့်ဆောင်ရန် ကရဝိတ်အတွက် (၁၂) သိန်းကျပ်တို့အား လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး