ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ်တင်

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ၂ဝ၁၇ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် အရွေး ချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေ လင်း၏ အောင်နိုင်ရေးဆိုင်းဘုတ် တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးဝင်းအတွင်း ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတွင်းရေးမှူး ဒေါ်စန်း စန်းနွယ်၊ ပါတီအရန်ဗဟိုကော် မတီဝင်များဖြစ်ကြသည့် ရန်ကုန် (အရှေ့ပိုင်း)ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေး အေးမြင့်၊ ကော်မတီဝင် ဒေါ်ဇာ ခြည်လင်း၊ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေလင်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရန်ကင်းမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြောက် ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့ နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် နှင့် ကျေးရွာပါတီဝင်များ၊ ပါတီ မိတ်ဆွေများ၊ ရပ်မိရပ်ဖများ စုစု ပေါင်းအင်အား ၃၅ဝ ကျော်တက် ရောက်ကြသည်။


မင်္ဂလာအချိန်တွင် ဆိုင်းဘုတ် အားဖွင့်လှစ်ပြီး ပါတီဗဟိုအတွင်း ရေးမှူးဒေါ်စန်းစန်းနွယ်၊ အရှေ့ပိုင်း ခရိုင်ဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်း ရေးမှူး ဒေါက်တာ ကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမြင့်၊ ကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ မြို့နယ်အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ကိုယ်စားလှယ် လောင်း ဦးနေလင်းနှင့်ဇနီး ကထိက ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်တို့က အောင်နိုင်ရေးဆိုင်းဘုတ်အား အောင်သပြေပန်းနှင့်အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးခဲ့ကြ သည်။
ထို့နောက် အောင်နိုင်ရေးဆိုင်း ဘုတ်တင်မင်္ဂလာအခမ်းအနားကိုြေ<ွကးကြော်သံသုံးရပ်ဖြင့်ြေ<ွကး ကြော်ပြီး နံနက် ၉နာရီ ၃၅ မိနစ် တွင် အခမ်းအနားပြီးမြောက်ခဲ့သည်။

ယူဒီနေ