ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည် – ဦးစိုင်းကျော်ခိုင်
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – B.Com
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် ရှမ်းပြည်နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

 


ဦးစိုင်းကျော်ခိုင်၏ ကိုယ်ရေးအကျဉ်း
*********************************
အဖ ဦးမြင့်၊ အမိဒေါ်နန်းညိုဝင်းတို့မှ ၁၉၇ဝပြည့်နှစ် တွင် မွေးဖွားခဲ့သည်။ ကျေးသီးမြို့ ဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် အထက်တန်းအောင်ပြီး ၁၉၉၅ ခုနှစ်တွင် B.Com(စာရင်းကိုင်) ဘွဲ့ကို ရန်ကုန်စီးပွားရေး တက္ကသိုလ်မှရရှိခဲ့သည်။ စီမံခန့်ခွဲရေးသင်တန်း၊ ဘဏ်စာရင်းကိုင် သင်တန်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းဖော်ဆောင်ရေး သင်တန်းများလည်း တက်ရောက်ခဲ့သည်။


ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့် လူမှုရေးလုပ်ငန်းများ
***************************************************
၁၉၈၈ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်အထိ မူလတန်းပြ၊ ၁၉၉၅ မှ ၁၉၉၈ထိ ဘဏ်လုပ်ငန်း၊၁၉၉၈ မှယနေ့အထိ ကျေးသီးမြို့တွင် ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ လူမှုရေး လုပ်ငန်းများအနေဖြင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ သွေးလှူရှင်အသင်း၊ သာရေးနာရေး ကူညီမှုအသင်းနှင့် မြို့နယ်အတွင်း၌လည်း ဘာသာရေး၊ လူမှုရေး၊ လုပ်ငန်းများကို အားကြိုးမာန် တက် ဆောင်ရွက်လျက်ရှိပါသည်။


အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။