ရုရှား နိုင်ငံ စစ်တပ် က ယခု နှစ်တွင် လေယာဉ် နှင့် ရဟတ်ယာဉ် စုစုပေါင်း အစင်း ၁၆၀ ကို တိုးချဲ့တာဝန် ထမ်းဆောင်စေမည်

ရုရှားနိုင်ငံ လေတပ်ဦးစီးချုပ် Bondarev က ရုရှားနိုင်ငံ လေတပ် နှင့် ရေတပ်သည် ယခုနှစ်တွင် လေယာဉ်နှင့် ရဟတ်ယာဉ် စုစုပေါင်း အစင်း ၁၆၀ ကို တိုးချဲ့တာဝန် ထမ်းဆောင်သွားစေ မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ယခုနှစ်တွင် ရုရှားနိုင်ငံ လေတပ်မှ လေယာဉ် နှင့် ရဟတ်ယာဉ် အသစ် စုစုပေါင်း ၁၆၀ စင်းကို တာဝန်ထမ်းဆောင်စေခြင်းဖြင့် ရုရှားနိုင်ငံ လေတပ် တပ်ဖွဲ့၏ ပစ္စည်းကိရိယာ ပြည်စုံမှုရာခိုင်နှုန်းသည် ၁၀၀ ရာခိုင်နှုန်းသို့ရောက်ရှိစေခဲ့ပြီး ၄င်းတို့အနက် ၅၅ ရာခိုင်နှုန်းသော ပစ္စည်းကိရိယာ များသည် နည်းပညာ သစ်ပစ္စည်း များဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

Bondarev က ရုရှား နိုင်ငံ စစ်တပ်အနေဖြင့် စက်ယန္တရားသစ်များကို ဆက်လက်၍ ဝယ်ယူသွားမည်ဖြစ်ပြီး လက်ရှိချိန်တွင် စက်ရုံများမှ စီမံထားသည့် အစီအစဉ်အလိုက် ထုပ်လုပ်မှုများကို လည်း ဆောင်ရွက်နေသော ကြောင့် ပစ္စည်းကိရိယာ မပြည့်စုံခြင်း ပြဿနာဖြစ်ပွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ၏ အစီအစဉ်အရ ၂၀၂၀ ခုနှစ်တွင် ရုရှားနိုင်ငံ လေတပ်သည် လေယာဉ်နှင့် ရဟတ် ယာဉ်အသစ် အစင်း ၉၀၀ ကျော်ကို လက်ခံတာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး ထိုလေယာဉ်အစင်း ၉၀၀ ၏ ပြုပြင်မွမ်းမံရေး လုပ်ငန်းများကိုလည်း တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Credit: XINHUA