ပက်ကွီယိုနဲ့ ဗြိတိန်လက်ဝှေ့ကျော် အေမာခန်း စိန်ခေါ် ထိုးသတ်ကြတော့မည်

အမေရိကန် လက်ဝှေ့ကျော် မေဝဲလ်သာကို ရှုံးနိမ့်ခဲ့တဲ့ ဖိလစ်လက်ဝှေ့ကျော် ပက်ကွီယိုဟာ အနားယူတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီးတဲ့နောက် ဗြိတိန်လက်ဝှေ့ကျော် အေမာခန်းနဲ့ ထိုးသတ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

 

ပက်ကွီယိုနဲ့ အေမာခန်းတို့ရဲ့ အထူးစိန်ခေါ်ပွဲကိုလာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ကျင်းပသွားမယ်လို့သိရပါတယ်။ အေမခန်းနဲ့ ပက်ကွီယိုတို့ နှစ်ဦးလုံး ဒီလက်ဝှေ့ပွဲ ထိုးသတ်ဖို့ သဘောတူညီမှု ရပြီဖြစ်ကြောင်း လူမှုကွန်ယက် တွစ်တာကတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ ” ပက်ကွီယိုကိုယ်စားလှယ်အဖွဲ့နဲ့ ခန်း ကိုယ်စားလှယ်အဖွဲ့တို့ အကြား လာမယ့် ဧပြီ ၂၃ ရက်နေ့ပွဲအတွက် ဆွေးနွေးပြီပါပြီ။ ပရိသတ်တွေလိုချင်တဲ့ အတိုင်းဖြစ်ပါလိမ့်မယ်”လို့  ပက်ကီယိုကလည်း သူ့ရဲ့တွစ်တာမှာ တင်ထားခဲ့ပါသေးတယ်။

အေမာခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မေလအတွင်း မက္ကဆီကန်လက်ဝှေ့ကျော် ကာနီလိုအဲဗရက်ဇ်နဲ့ ထိုးသတ် ရာမှာ ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။ ပက်ကီယိုကလည်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဧပြီလအတွင်း မေဝဲလ်သာနဲ့ ထိုးသတ်ခဲ့ ပြီးတဲ့နောက် လက်ဝှေ့သမားဘဝက အနားယူပြီလို့ ကြေညာခဲ့သူဖြစ်ပါတယ်။ ဗြိတိန်လက်ဝှေ့ကျော် အေမာ ခန်းက သူနဲ့ နောက်ထပ် ထိုးသတ်မယ့်ပြိုင်ဘက်ကို ဘယ်သူဖြစ်စေချင်သလဲလို့ အွန်လိုင်းလူမှု ကွန်ယက်မှာ စစ်တမ်းကောက်ယူခဲ့ပါ သေတးယ်။

သူတို့နှစ်ဦး ပွဲစဉ်ကို လာမယ့် ဧပြီလ ၂၃ ရက်နေ့ ထိုးသတ်မယ်ပြောပေမယ့် ဘယ်နေရာလည်းဆိုတာ မသိရ သေးပါဘူး။ ဒါပေမယ့် အရင်ထွက်ထားခဲ့တဲ့ သတင်းတွေအရ သူတိှု့နှစ်ဦး အထူးစိန်ခေါ်ပွဲကို ယူအေအီးနိုင်ငံမှာ ကျင်းပပြုလုပ်သွားဖွယ် ရှိနေပါတယ်။ ဘယ်နေရာမှာ ကျင်းပမလဲ တရားဝင်သတင်းမထုတ်ပြန်သေးပေမယ့် အေမာခန်းရဲ့ ဇနီးဖြစ်သူကတော့ တွစ်တာပေါ်မှာတော့ ဒူဘိုင်းမှာ လုပ်မှာလို့ ကြေညာမိခဲ့ပါတယ်။

ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီယိုဟာ အမေရိကန်လက်ဝှေ့ကျော်မေဝဲလ်သာနဲ့အတူ ထိုးသတ်ဖို့ သဘောတူ ညီမှုရခဲ့ပြီးနောက် အဲဒီပွဲအတွက် အကျိုးအမြတ် ၄၀ ရာခိုင်နှုန်းယူဖို့ သဘောတူညီခဲ့တဲ့အတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိခဲ့ပြီးအခြားအကျိုးအမြတ်တွလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါပွဲစဉ်မှာ ပက်ကွီယိုက အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပက်ကွီယိုဟာ ဖိလစ်ပိုင်နိုင်ငံ ကီဘာဝီအရပ်မှာ မွေးဖွားသူဖြစ်ပြီး နိုင်ငံရေးလောကထဲကိုလည်း ဝင်ရောက်နေသူ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဘဝ စုစုပေါင်း ၆၇ ပွဲ ထိုးသတ်ခဲ့ပြီးနောက် ၆ ပွဲရှုံးကာ ၅၈ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယ်။ (ဘီဘီစီ)