ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း မဲဆန္ဒရှင်ပြည်သူများအား စည်းရုံးမဲဆွယ်
၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပြုလုပ်မည့်ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ချောင်းဆုံ မြို့နယ် ကမာကေးကျေးရွာ တော်ကပူးကျေးရွာအုပ်စုနှင့် ဖံဖကျေးရွာများရှိ မဲဆန္ဒရှင်များအား စည်းရုံးမဲဆွယ်ခဲ့သည်။
အဆိုပါ မဲဆွယ်စည်းရုံးရာနေသို့ တက်ရောက်လာသော မဲဆန္ဒရှင်များအား ကိုယ်စားလှယ်လောင်းကိုယ်တိုင် ပန်းဖလက်များ ဝေဌခဲ့ပြီးနောက် ကိုယ်စားလှယ်လောင်းမှ မိမိကိုယ်ကိုမိတ်ဆက်ခြင်းနှင့် မိမိမှ ကိုယ်စားလှယ်အဖြင့် ရွေးချယ်ခံ ယှဉ်ပြိုင်ရခြင်းမှာ မိမိဇာတိ၊ မိမိမွေးရပ်မြေဖြစ်သော ဘီးလူးကျွန်း၊ချောင်းဆုံဒေသကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးသွားရန်နှင့် လူငယ်၊လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာအောင် ကြိုးစားဆောင်ရွက်ပေးလို၍ ယ္ခုလို ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မိမိတို့ဒေသသည် လယ်ယာလုပ်ငန်းကိုအများစု လုပ်ကိုင်သဖြင့် လယ်ယာ ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် မိမိတွင်ရှိသော လုပ်ငန်းအတွေ့ အကြုံများဖြင့် ဆောင်ရွက်ပေးရန်နှင့် တိုင်းရင်းသားများ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများကို အားပေးကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းစသည်တို့ဖြင့် မဲဆန္ဒရှင်များအား စည်းရုံးမဲဆွယ်ခဲ့သည်။
မဲဆန္ဒရှင်ပြည်သူများမှလည်း မိမိဒေသအတွက် အမှန်တကယ် အကျိုးပြုနေသူ အား မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။