စင်ကာပူတွင် ကြားဖြတ် ရွေးကောက်ပွဲအတွက် ၁၃၅ ဦး မဲပေး၊ ၄၂ ဦး ပျက်ကွက်

ဧပြီလ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးရာ မဲပေးခွင့်ရှိသူ ၁၇၇ ဦးအနက် ၁၃၅ ဦး မဲပေးပြီး ၄၂ ဦး ပျက်ကွက်ကြောင်း စင်ကာပူရောက် မြန်မာနိုင်ငံသား ဒေါ်မေကျော်စိုးညွန့်က The Voice သို့ ပြောကြားသည်။

“ပျက်ကွက်တာက အမှန်ပြောရရင် မဲစာရင်း မစစ်ကြတာပေါ့နော်။ ကျန်တဲ့သူတွေကို သံရုံးက ဖုန်းဆက်ခေါ်ပါ တယ်။ သူတို့ မလာနိုင်ကြတော့တာပေါ့နော်။ တချို့ကတော့ ပြေးလွှားလာကြပါတယ်။ ကျွန်မတို့ ဝန်းရံသူတွေက မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် တိုက်ပါတယ်။ ဘာမှကို အခက်အခဲရှိတယ်လို့ မကြားမိပါဘူးရှင့်။ မဲပေးတဲ့သူတိုင်း အဆင်ပြေကြတယ်ရှင့်။” ဟု ဒေါ်မေကျော်စိုးညွန့်က ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ မဲပေးခြင်းကို ဖေဖော်ဝါရီ (၂၆) ရက် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ (စင်ကာပူ စံတော်ချိန်) စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတွင် ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းသံရုံးထံမှ သိရှိသည်။

#The Voice