လိမ္မော်သီးရဲ့ အကျိုးကျေးဇူးများ …!

လိမ္မော်သီးဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သစ်သီးတစ်မျိုးဖြစ်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်ဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ အများဆုံးပါဝင်တာကတော့ ဗီတာမင်စီ ဖြစ်ပါတယ်။ အကျိုးထူးလှတဲ့ အဲ့ဒီဗီတာမင် အမျိုးအစားဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အရာတွေရဲ့ရန်က ကာကွယ်ပေးပါတယ်။

လိမ္မော်သီးဟာ ပန်းနာရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါ၊ အဆုတ်နာရောဂါ (တီဘီ)၊ အဆုတ်ရောင်ရောဂါ၊  ဒူလာရောဂါ၊ ကျောက်ကပ် ကျောက်တည်ခြင်းမှကာကွယ်ရန်၊ ကိုလက် စထရောလျှော့ချပေးခြင်း၊ ဆီးချိုရောဂါ ကာကွယ် ပေးခြင်း၊ အဆစ်ရောင်နာ၊ သွေးဖိအားဖြင့်မားခြင်း၊ အရက်စွဲနေသောသူများ၊ လိမ္မော်သီးဖျော်ရည် သောက်ခြင်း အားဖြင့် အရက်သောက်ချင်စိတ်ကို သိသိသာသာ လျှော့ကျစေခြင်း၊ လိမ္မော်သီး အများအပြား စားသုံးခြင်းဖြင့် နှာခေါင်းမှ နှာရည်ယိုထွက်ကျဆင်းမှုကို လျှော့ကျစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါ တယ်။

လိမ္မော်သီးတွင်ပါဝင်သော အာဟာရများ

(၁)    ဆဲလ်များထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးနိုင်သည့် စွမ်းအားမြင့် antioxidant တစ်မျိုးဖြစ်သည့် Betacarotene

(၂)    သွားနှင့်အရိုးများ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပေးသည့် Calcium

(၃)    ဦးနှောက်ဖွံ့ဖြိုးမှုကောင်းမွန်စေသည့် Folic Acid

(၄)    သွေးဖိအားကို ထိန်းသိမ်းပေးသည့် Magnesium

(၅)    ဆဲလ်အတွင်း electrolyte မျှချေကို ထိန်းပေးပြီး နှလုံးသွေးကြောစနစ်အခြေအနေကို ထိန်းသိမ်းပေး သည့် Potassium

(၆)    အစားအစာမှ စွမ်းအင်အဖြစ်ပြောင်းလဲရာတွင် ကူညီလုပ်ဆောင်ပေးသည့် Thiamin

(၇)    ခန္ဓာကိုယ်အနှံ့အပြားသို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည့် hemoglobin များထုတ်လုပ်ရန် ကူညီပေးသည့် Vitamin B6  တို့ဖြစ်ပါသည်။