တိုင်းပါတီကော်မတီဝင်နှင့်အဖွဲ့ မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြား လှူဒါန်းမှုပြု

ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မီးဘေးသင့်ပြည်သူများ ယာယီလက်ခံရေး စခန်းသို့ ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ မြို့နယ် ဥက္ကဌ ဒေါ်စမ်းစမ်းဌေး တို့မှ သွားရောက်အားပေး စကားပြောကြား၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ မီးဘေးသင့်မိသားစုများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

 

မီးဘေးသင့်မိသားစုများအား တန်ဘိုးငွေ ကျပ် ( ၁၅၅၆၀၀၀ိ/- ) တန်ဘိုးရှိ အဝတ်အထည်၊ အစားအစာ၊ ရေသန့် တို့ ထောက်ပံ့လှူဒါန်းခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျမ္မာရေးမှူးနှင့် ကြက်ခြေနီတပ်စုတို့ စီစဉ်၍ အနီးကပ်စောင့်ရှောက်ကူညီမှု ပြုလုပ်ပေးလျှက်ရှိပါသည်။

မီးဘေးသင့်အိမ်ထောင်စု (၉) စု နှင့် လူဦးရေ (၅၆) ဦးတို့အား ဒဂုံတောင် အမှတ် (၂၄) ရပ်ကွက် ကြာကန် ကျောင်းဝင်းအတွင်း ပြုစုစောင့်ရှောက်ထားပြီး အမှတ် (၂၄) ရပ်ကွက် ပရဟိတ ကူညီရေးအသင်းနှင့်အတူ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဒေါ်အေးအေးသန့်၊ ဦးဇော်မင်းထွန်းနှင့် ရပ်ကွက်ပါတီကော် မတီဝင်များမှ စားသောက်ရေးအတွက် အနီးကပ်စီစဉ်ပေးလျှက်ရှိကြောင်း သိရှိရသည်။

ပြည်ခိုင်ဖြိုး
ဒဂုံ(တောင်)